Unicode📌
Chapter - 20
"မြင့်မိုရ်"
အနက်ရောင် suitcase တစ်လုံးကို စတိုင်ကျကျဆွဲလာပြီး တစ်စုံတစ်ယောက်ကို လက်ထောင်ပြနေတဲ့ အရပ်ရှည်ရှည်နဲ့အမျိုးသားက သိပ်ကိုကြည့်ကောင်းလွန်းသည်။
"ကို့ ဟိုးမှာလက်ပြနေတဲ့တစ်ယောက်က
ကိုစကြာဝဠာချိုမို့လား"မိုးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့
အမှန်ပင် ။
ဒီနေ့ခရီးစဥ်ရဲ့ ဇာတ်လိုက်မင်းသားကြီးရောက်လာပြီ။"ဟျောင့် ငါ့ကောင်ကြီး"
မြင့်မိုရ်တစ်ယောက် စကြာအနားကိုအလျှင်အမြန်သွားလိုက်သည်။
မတွေ့တာကြာပြီဖြစ်တဲ့
ငယ်သူငယ်ချင်းနှစ်ယောက် ဖက်လှဲတကင်းနှုတ်ဆက်နေကြတဲ့ပုံက ဘေးမှာကြည့်နေတဲ့သူတွေကိုတောင် ကြည်နူးစေသည်။တကယ့်ကိုအားရဝမ်းသာဖက်နေကြတာ။
မတွေ့တာလဲကြာပြီမလား။
အထက်တန်းပြီးသွားကတည်းက မတွေ့ကြတော့တာ အခုတက္ကသိုလ်နောက်ဆုံးနှစ်ရောက်မှဘဲ ပြန်တွေ့ကြတော့တယ်။
ဒီအတောတွင်း ဖုန်းနဲ့အဆက်သွယ်မပြတ်ခဲ့ကြဘူးဆိုပေမယ့် အပြင်မှာတစ်ခေါက်မှ
မတွေ့ဖြစ်ခဲ့ကြ။"Congratulations မြင့်မိုရ်"
"Thank you"
စကြာက မြင့်မိုရ်တို့ကိစ္စကိုပြောနေမှန်းသိတော့ မိုးဥတုတစ်ယောက် ခေါင်းလေးငုံ့သွားသည်။
"ငါ့ကောင် မင်းအရပ်တွေရှည်လာတယ်နော် ငါ့ကိုတောင်ကျော်သွားပြီ"
"နည်းနည်းလေးပါကွာ"
စကြာ စကားသာပြောနေပေမယ့် မျက်လုံးတစ်စုံကတော့ တစ်စုံတစ်ယောက်ကိုရှာနေလေရဲ့။မြင့်မိုရ်က ရိပ်မိတော့ မသိမသာလေးခေါင်းခါပြသည်။
"ဒါပေမယ့် အရပ်ဘယ်လောက်ရှည်ရှည် မော့ကြည့်ရမှာကကြည့်ရမှာဘဲ"
"ဟား ဟား ဟား"
နားလည်တဲ့နှစ်ယောက်သားကတော့ ပြိုင်တူရယ်မိကြပေမယ့် နားမလည်တဲ့မိုးဥတုကတော့ ကြောင်အစွာရပ်နေလျက်။"သြော် အေး နေဦးမိတ်ဆက်ပေးရဦးမယ် ဒါက..."
"ငါ သူ့ကိုသိပြီးသားလေ၊
ကျောင်းတုန်းက ဂျူနီယာမိုးဥတုလေ ၊
ပြီးတော့ သူက ကျောင်းမှာနာမည်ကြီးလေ၊
ငါသူ့ကိုသိတာပေါ့"
YOU ARE READING
Real Happiness is beside you
Novela Juvenilမိဘစုံစုံလင်လင်ရှိမှ ၊ လူတိုင်းဆီကအချစ်ခံရမှ ပျော်စရာမဟုတ်ပါဘူး။ပျော်စရာအစစ်အမှန်ဆိုတာ ကိုယ့်ရဲ့အနီးနားမှာရှိပါတယ်။ဒါကိုမြင်အောင်ကြည့်တတ်ဖို့ဘဲ လိုတာပါ။ ပထမဆုံး စရေးခြင်းဖြစ်လို့ အမှားတွေအများကြီးပါလာခဲ့ရင် ကြိုတင်ပြီးတောင်းပန်ပါရစေ။ ဝေဖန်ထောက်ပြပေး...