Part - 22 🐣 (U/Z)

62 4 2
                                    

Unicode📌

Chapter - 22

"မာမီသားအဆင်ပြေရဲ့လား
သားကို သေချာကြည့်ပေးပါဦးမာမီရဲ့"

မြင့်မိုရ်တစ်ယောက် ဝတ်လာတဲ့မြန်မာဝတ်စုံကို ပုံစံကျ မကျ အမေဖြစ်သူကိုစစ်ဆေးခိုင်းနေလေသည်။
ဒီနေ့ပုံစံက မိမိုက်နေမှဖြစ်မည်။
မြတ်နိုးရာလေးကို တသက်တာပိုင်ဆိုင်ခွင့်ရဖို့ သက်ဆိုင်ရာတွေနဲ့လာပြီးခွင့်တောင်းရတဲ့နေ့မှာ အရာအားလုံးပုံစံကျပြီး ကြည့်ကောင်းနေမှဖြစ်မည်။

"မာမီ့သားက အဆင်ပြေပြီးသား ၊
ရုပ်ကလဲ ကြည့်ကောင်းပြီးသား"

မြင့်မိုရ်အားမရသေးပေ။

"ဒယ်ဒီ သားကြည့်လို့ကောင်းရဲ့လားဟင်"

"ကြည့်ကောင်းပါတယ် ငါ့သားရာ ၊
မင်းဒီမေးခွန်းကိုမေးနေတာ ၃၆၈ ခေါက်ရှိနေပြီ"

"ဒယ်ဒီကလဲ ၃၇၀ မပြည့်သေးပါဘူး"

"ဧည့်သည်တွေရောက်လာကြပြီဘဲ
အိမ်ထဲဝင်ကြရအောင်လေ"

အသက် ၅၀ ခန့်အမျိုးသမီးကြီးရောက်လာမှဘဲ မြင့်မိုရ်တို့စကားဝိုင်းပြီးသွားတော့သည်။
ထိုအမျိုးသမီးကြီးက မိုးပြောဖူးတဲ့ အိမ်တော်ထိန်း ကြီးကြီးနှင်းဘဲဖြစ်မည်။

"မာမီ သားကြည့်လို့​ကောင်းပါတယ်နော်"

"ထင်ရှားမြင့်မိုရ် မာမီစိတ်မရှည်တော့ဘူးနော်"

နာမည်အပြည့်အစုံခေါ်ပြီဆိုမှတော့ မာမီစိတ်မရှည်တော့မှန်း မြင့်မိုရ်သိတာကြောင့် မြင့်မိုရ်ဘာမှဆက်မပြောတော့ဘဲ ဒယ်ဒီ့နောက်ကနေ ကုပ်ကုပ်လေးကပ်လိုက်သွားလိုက်သည်။

"ဟာ....ကိုခိုင်မြဲ"

ဒယ်ဒီက အိမ်အပေါက်ဝမှာရပ်ကြိုနေတဲ့ လေးလေးကိုမြင်တော့ အံ့သြတကြီးနှုတ်ဆက်လိုက်သည်။

"ဟင်...ကိုထူးခြား ၊
ထင်ရှားက ကိုထူးခြားရဲ့သားလေးလား"
အားလုံးက မြင့်မိုရ်လို့ခေါ်ကြပေမယ့် လေးလေးကတော့ မိုးခေါ်တဲ့အတိုင်းထင်ရှားလို့သာခေါ်သည်။

"ဟုတ်တယ် ၊ နိုင်ငံခြားမှာကျောင်းတက်နေတယ်ဆိုတဲ့သားလေ"

အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲကိုတောင်မဝင်နိုင်သေးဘဲ တစ်ယောက်ကိုတစ်ယောက် အံ့သြစွာနှုတ်ဆက်နေကြသည်။

Real Happiness is beside you Where stories live. Discover now