Unicode📌
Chapter - 17
"ဟယ်လို မားမား
မြူနှင်းကျောင်းအပ်ပြီးသွားပြီ""ဟုတ်တယ် မားရဲ့
art ကိုဘဲရွေးလိုက်တာ""audition က နောက်နှစ်လလောက်နေရင်
WJ က သင်တန်းသားတွေခေါ်တော့မှာ
အဲ့အခါရောက်ရင် သွားဖြေကြည့်မလို့""ဟုတ် မား အာ့ဆိုဒါဘဲနော်
ကျန်းမာရေးဂရုစိုက်ဦးနော်
Ài nǐ (အိုက်နီ) မားမား"ကျောင်းအပ်ပြီးတာနဲ့ မားမားဆီတန်းပြီး vd call ခေါ်ပြီး သတင်းပို့သည်။
ဒါပေမယ့် မားမားက သူ့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကိုရောက်နေလို့ ဖုန်းဘဲပြောရအောင်တဲ့။
သူ့သူငယ်ချင်းက သားလေးမွေးထားတာမို့လို့ မြူနှင်းကိုမြင်ရင် ချွေးမတော်ချင်နေမှာဆိုးလို့တဲ့။
အာ့ဒါကြောင့် ဖုန်းဘဲခေါ်ခိုင်းခဲ့တာ။
မားမားကတော့ သူ့သမီးအချောလေးကို တော်တော်ကပ်စေးကုပ်တာဘဲ။
အတု နဲ့ မောင်တို့ရဲ့စာသင်နှစ်က အစောကြီးစကြပေမယ့် မြူနှင်းကတော့ အခုမှကျောင်းအပ်ပြီးတာဖြစ်သည်။
ကျောင်းကတော့ ကိုရီးယားရဲ့အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ SNU(Seoul National University)ကိုရွေးလိုက်ပြီး Major ကိုတော့ art & literature (အနုပညာစာပေ)ကိုယူလိုက်သည်။
ကျောင်းကိစ္စတွေလုပ်ရတာ သိပ်မပင်ပန်းပေမယ့် audition ကိစ္စလုပ်ရတာတွေက ပိုပင်ပန်းသည်။
အကကိုဝါသနာပါပေမယ့် ဘယ်လိုကရမှန်းမသိတဲ့မြူနှင်းကတော့ အစကနေပြန်ပြီးသင်ယူရသည်။
အကသင်တန်းကို အကောင်းဆုံးကျောင်းမှာတက်ပေမယ့် အကကိုတော့ အကောင်းဆုံးဖြစ်အောင်မကနိုင်သေးပေ။
အသံပိုင်းကတော့ မြူနှင်းကနဂိုကတည်းက အဆိုပါရမီရှိသူဖြစ်သည်။
ကိုရီးယားသွေးစပ်တဲ့ အတုက နေ့တိုင်းစကားပြော လေ့ကျင့်ပေးတာကြောင့် ကိုရီးယားဘာသာစကားကို မိခင်ဘာသာစကားနည်းတူပြောလဲပြောနိုင်သလို သီချင်းလဲဆိုနိုင်သည်။
YOU ARE READING
Real Happiness is beside you
Fiksi Remajaမိဘစုံစုံလင်လင်ရှိမှ ၊ လူတိုင်းဆီကအချစ်ခံရမှ ပျော်စရာမဟုတ်ပါဘူး။ပျော်စရာအစစ်အမှန်ဆိုတာ ကိုယ့်ရဲ့အနီးနားမှာရှိပါတယ်။ဒါကိုမြင်အောင်ကြည့်တတ်ဖို့ဘဲ လိုတာပါ။ ပထမဆုံး စရေးခြင်းဖြစ်လို့ အမှားတွေအများကြီးပါလာခဲ့ရင် ကြိုတင်ပြီးတောင်းပန်ပါရစေ။ ဝေဖန်ထောက်ပြပေး...