Part - 23 🐣 (U/Z)

64 4 2
                                    

Unicode📌

Chapter - 23

"unnie ကအပြင်မှာပိုလှတယ်နော်"

"ဟုတ်တယ်နော် အရုပ်မလေးအတိုင်းဘဲ"

"ငါ unnie နဲ့တွေ့ရင်ပြောဖို့
မြန်မာစကားလေ့ကျင်းထားတယ်"

"ဟုတ်လား
ဘာတဲ့လဲ ပြောကြည့်စမ်းပါဦး"

"မင် ဂမ် လာ ပါ အယ်မမြူနှင်း၊
ညယ်မက အယ်မရဲ့ပရိတ်တတ်ပါ၊
အာမြဲတမ်း အားပေးနေပါသယ်၊
အာများ ကြီး ချစ် သယ်"

"ဝါးးးး မိုက်တယ် မိုက်တယ်၊
စာရွက်ထဲမှာချရေးပေး
ငါလဲကျက်ပြီး ပြောမယ်လေ"

"ရေးပေးမယ် ၊
နင့်ဘောပင်နဲ့ စာအုပ်ထုတ်"

"ရော့ ၊ ဟဲ့ ဟဲ့
ဟိုးအနောက်မှာ လူတွေအုံနေကြတယ်
ဘာဖြစ်တာလဲမသိဘူး"

"မသိဘူး လာပါ ဒါကျက်ဖို့ဘဲအာရုံစိုက်
ခဏနေ ငါတို့အလှည့်ရောက်တော့မှာ"

အထက်တန်းကျောင်းသူလေးနှစ်ယောက်ကတော့ မြူနှင်းဆီမှာအမှတ်ပြည့်ရဖို့ မြန်မာစကားကို အသည်းအသန်ကျက်နေကြလေရဲ့။

ဒီနေ့ ဆိုးလ်မြို့ရဲ့လူသူထူထပ်တဲ့နေရာမှာကျင်းပတဲ့ မြူနှင်းရဲ့ Fan Meeting(ပရိတ်သတ်တွေ့ဆုံပွဲ)လေးကတော့ တိုးလို့မပေါက်အောင်ပါဘဲ။

"လက်ဆောင်လေးအတွက်
ကျေးဇူးတင်ပါတယ် ၊
အရမ်းသဘောကျတယ်ရှင့်"

"အစ်ကို နောက်ထပ်အချိန်ဘယ်လောက်ကျန်သေးလဲ"

"အစ်ကိုတို့ fangirl လေးက
သိပ်တော်တာဘဲ"

အနောက်ဖက်လှည့်ပြီး မန်နေဂျာအစ်ကိုကို စကားလှည့်ပြောနေစဥ် ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် ရှေ့ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်။

တပြိုင်နက်ထဲမှာဘဲ ပရိတ်သတ်တွေအားလုံးနီးပါးရဲ့အော်သံတွေလဲ ညံစီသွားတယ်။

မြူနှင်းညာဖက်လက်နဲ့ ပါးစပ်ကိုအုပ်လိုက်မိသည်။ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲတက်လာရတဲ့အထိပါဘဲ။
တဖက်လူက mask မချွတ်ပေမယ့် ဘယ်သူလဲဆိုတာ မြူနှင်းတန်းသိသည်။

Jehun Oppa!!!!

အုပ်ထားတဲ့လက်ကိုမဖယ်ဘဲအော်လိုက်တော့ မြတ်နိုးရတဲ့လူသားလေးကပြုံးပြသည်။

Real Happiness is beside you Where stories live. Discover now