Part-1

271 24 6
                                    


ဖြည်းဖြည်းချင်းကျဆင်းနေတဲ့မိုးစက်တွေ
နှင့်ရာသီဥတုအခြေအနေဟာ သာယာသည်မဆိုနိုင်။ သို့သော် ဆူဘင်းကတော့သဘောကျသည်။

သည်လိုရာသီဥတုတွင် မိုးအေးအေးနှင့်ကော်ဖီလေးတစ်ခွက်သောက်ရင်း စာအုပ်ဖတ်ကာငြိမ့်နေတတ်သောလူသားများထဲ သူ မပါနေသောကြောင့်ပင်။

မိုးရွာမည့်နေ့ရက်တွေကိုဆူဘင်းမျှော်သည်။ အကြောင်းအရင်းမရှိစွာဖြင့် မိုးရွာကြီးထဲကားပတ်မောင်းရခြင်းကိုသိပ်သဘောတွေ့လှသည်။

ထိုအရာသည်ကား သူ့အတွက်တစ်ခုတည်းသော စိတ်အပန်းဖြေနည်းဖြစ်မှန်းမသိဖြစ်နေခဲ့သလိုမျိုး။

အကယ်၍ ယနေ့အတွက်ချိန်းဆိုထားသည့်ကိစ္စသာရှိမနေလျှင် ကားတစ်စီးနှင့်ဆူဘင်းတစ်ယောက်မြို့ထဲလျှောက်
မောင်းနေမိဦးမှာအသေအချာ။

ညနေဘက်မှာစရွာတဲ့မိုးကိုအနည်းငယ်တော့ သူအပြစ်တင်လိုက်မိသည်။ မနက်ကြီးကတည်းကရွာခဲ့လျှင် သူ့စိတ်တိုင်းကျလုပ်ခွင့်ရမည်ပင်။

ယခုတော့ ညဘက်ချိန်းဆိုထားသည်ကရှိနေတဲ့အခါ သူမှာနှမြောသတဖြစ်ရ၏။

ကားထဲထိုင်အတွေးလွန်နေရင်းမှ လင်းလာသောဖုန်း screen ကြောင့် ကြည့်လိုက်မိတော့ ဘောမ်ဂယူဆီမှမက်ဆေ့ချ်ရောက်လာခြင်းဖြစ်သည်။

* မလာသေးဘူးလား *ဆိုတဲ့ စာကိုဖတ်ပြီးနောက်ဘာမှပြန်ပို့မနေတော့ပဲ ဆိုင်ထဲသို့ဝင်ရန်ပြင်လိုက်သည်။ ရောက်နေတာကြာပြီဖြစ်ပါရဲ့နဲ့ မဝင်ပဲကားထဲထိုင်နေခဲ့တာမိနစ်အတော်အကြာ။

အချိန်တွေကိုသတိမထားမိတော့တာလည်း ပြောင်းလဲသွားတဲ့အကျင့်တစ်ခုပေ။

ဆူဘင်း ကားအပြင်သို့ထီးဆောင်းပြီးထွက်လိုက်သည်။ မိုးရေထဲကားမောင်းရတာသဘောကျသော်ငြား သူ့ခန္ဓာကိုယ်ကိုမိုးစိုမှာမျိုးတော့
သိပ်မုန်းသည်။

အဲ့လိုပါပဲ။ ချွဲဆူဘင်းဆိုတဲ့သူကနည်းနည်းတော့ထူးဆန်းသည်။

~~~~~~

ဆိုင်ထဲဝင်သည်နှင့် ဆူညံမှုအပြည့်နှင့်လူတွေကိုစတင်မြင်လိုက်ရသည်။ တော်တော်များများကိုကြည့်လိုက်တော့ ရေချိန်ကိုက်နေကြပြီဖြစ်၏။

𝑳𝒐𝒗𝒆 𝒊𝒔 𝒔𝒊𝒎𝒑𝒍𝒆 [Commission]Where stories live. Discover now