" ကျွန်တော်တို့တွဲရအောင် စီနီယာ "ကျောင်းခေါင်မိုးထပ်မှာလေညှင်းရဲ့တိုက်ခတ်မှုကို မျက်စိမှိတ်ခံစားနေတုန်း ဟျူနင်းဆီကထွက်ပေါ်လာသောစကားပင်။
သိပ်ကိုအံ့သြမိသည်။ စပြီးမိတ်ဆွေဖြစ်ကြတဲ့သူတို့ဆက်ဆံရေးကတစ်ပတ်တောင်မပြည့်သေး။ ဒါကို ဟျူနင်းခါအီဟာတွဲတဲ့အဆင့်ထိအမြန်တက်ရောက်ချင်ပုံ။
" နောက်စရာမဟုတ်ဘူးထင်တယ် "
" အတည်ပြောတာပါ စီနီယာရဲ့။ ကျွန်တော်စီနီယာနဲ့တွဲချင်တယ် "
ဟျူနင်းကတည်တည်တံ့တံနှင့်ပြောသည်။ တုန်လှုပ်မှု၊တွေဝေမှုအလျဥ်းမရှိ၊ ပကတိတည်ငြိမ်စွာ။
" မင်းကငါ့ကိုချစ်လို့လား "
ဆူဘင်းအမေးမှာဟျူနင်းကခပ်ပါးပါးပြုံးသည်။
" ချစ်မှတွဲလို့ရတာမဟုတ်ပဲ စီနီယာရယ်၊ တွဲရင်းနဲ့တစ်ယောက်ကိုတစ်ယောက်လေ့လာပြီး ချစ်မိသွားတာလည်းဖြစ်နိုင်တာပဲလေ "
ထိုတစ်ချက်ကိုတော့ဆူဘင်းလက်ခံသည်။ သူအတန်ငယ်စဥ်းစားပြီး ဟျူနင်းကိုပြုံးပြလိုက်၏။
" ဟုတ်တယ် မင်းပြောတာမှန်တယ်။ ဒါပေမယ့် ငါကအချစ်ကိုအယုံအကြည်မရှိဘူး၊ တစ်စုံတစ်ယောက်နဲ့တွဲမယ်ဆိုတဲ့အတွေးလည်းမရှိဘူး။ "
ဟျူနင်း၏ရယ်သံတိုးတိုးဟာဆူဘင်းနားထဲသို့ဝင်
ရောက်လာသည်။ ထိုခဏမှာ သူမျက်ခုံးတန်းတို့ကိုကြုံ့လိုက်မိသည်ထင်။" မချစ်တတ်ရင်၊အယုံအကြည်မရှိရင်ပိုအဆင်ပြေတာပေါ့။ ဒီတိုင်းတွဲရုံလေးပါပဲ
ကိုယ့်လွတ်လပ်မှုနဲ့ကိုယ်ပဲရှိနေဦးမှာပါ။ "" ဘာလို့မှန်းမသိပေမယ့် စတွေ့ကတည်းကသီးသန့်ဆန်ပြီးထူးခြားနေတဲ့စီနီယာ့ဖြစ်တည်မှုကို စိတ်ဝင်စားခဲ့တာ၊ စီနီယာဘောမ်ဂယူမိတ်ဆက်ပေးလို့ သိခဲ့ကြတာမကြာသေးပေမယ့် တခြားသူတွေနဲ့မတူတဲ့စီနီယာ့ကို ကျွန်တော်တွဲချင်မိတာတော့စိတ်ရင်းပါ "
" ကျွန်တော်တို့တွဲလိုက်လည်းအချို့သောအချက်တွေပဲပြောင်းလဲမှာပါ ပြီးတော့ စီနီယာရပ်ချင်တဲ့အချိန်ရပ်လို့ရတယ်။ ကျွန်တော်လည်းပဲရပ်ချင်တဲ့အချိန်ရပ်ပစ်မှာ "
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒔𝒊𝒎𝒑𝒍𝒆 [Commission]
Fanfictionချစ်ခြင်းတွေဟာတိုက်ရိုက်အချိုးကျခြင်းများနှင့် လှလှပပရယ်...။