သည်လိုနှင့်ရက်တွေ၊လတွေ၊နှစ်တွေကိုကျော်ဖြတ်လာခဲ့ပြီး နာကျင်မှုနှင့်အသားကျတော့မည်ဆိုမှ ဆူဘင်းအနားကိုဟျူနင်းကပြန်ရောက်လာလေသည်။
ကံကြမ္မာကသူကိုဘာဖြစ်စေချင်နေတာများလဲ။
ဆူဘင်းတစ်ယောက်ဟျူနင်းကိုပြန်လိုက်ပို့ပေးပြီးကတည်းက ထပ်မတွေ့ဖို့မျှော်လင့်ခဲ့ပေမယ့် ဟျူနင်းအကြောင်းကိုအမြဲတွေးနေခဲ့သည်မှာတော့အမှန်။
သူ့အတွေးတွေကိုအမြဲစိုးမိုးထားတဲ့ဟျူနင်းက သူ့နှင့်ပြန်တွေ့တဲ့အခါမှာလည်း မေ့ချင်ခဲ့သောအတိတ်တွေကိုပါပြန်လည်ခေါ်ဆောင်လာခဲ့သည်။
မတွေ့ချင်သော်လည်း တွေ့ချင်မိပြန်တဲ့စိတ်ဟာ တကယ်ပင်နားလည်ရခက်ပါဘိ။ ဟျူနင်းခါအီနှင့်ပတ်သက်လာရင် ဆူဘင်းစိတ်ကအမြဲထိုသို့ပင်။
ချစ်ရသည်မှာလည်းပင်ပန်းလှပြီ။ အဲ့လိုဆိုတိုင်းလည်းမစွန့်လွှတ်နိုင်ဘူးလေ။
" သူဌေး၊ သူဌေး! "
ဆိုင်ကဝန်ထမ်းတစ်ယောက်လာခေါ်မှ သူ့အသိစိတ်တို့ကိုပြန်လည်စုစည်းမိသည်။
" ကျွန်တော်မကြားလိုက်လို့၊ ဘာများလဲဟင် "
" ဧည့်သည်တစ်ယောက်ကသူဌေးကိုတွေ့ချင်လို့ပါတဲ့ "
ဝန်ထမ်းကောင်လေးစကားကြောင့်ဆူဘင်းအနည်းငယ်စဥ်းစားလိုက်သည်။ သူ့ကိုလာတွေ့စရာလူလည်းမရှိပါဘူး။ ဘောမ်ဂယူလာတယ်ဆိုရင်လည်းဆိုင်ကဝန်ထမ်းတွေအကုန်သိနေမှာပဲကို။
" နာမည်ကဘယ်သူတဲ့လဲ "
" အဲ့တာတော့မမေးလိုက်မိဘူးဗျ "
" ကောင်းပြီ ကျွန်တော်သွားလိုက်ပါ့မယ် "
" ဟုတ် "
သူ့တာဝန်အတိုင်းပြောပြပြီးနောက် ကောင်လေးကထွက်သွားသလို ဆူဘင်းလည်းထွက်လာခဲ့လိုက်သည်။
သူ့ကိုရှာနေတာဘယ်သူများလဲဆိုပြီး ဆိုင်ထဲကွေ့ပတ်ကြည့်နေတုန်းမှာပဲ အလွတ်ရနေတဲ့မျက်နှာပိုင်ရှင်ကိုတွေ့လိုက်ရသည်။
" အကို "
" ဒီဆိုင်ကိုဘယ်လိုသိပြီးရောက်လာတာလဲ "
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒔𝒊𝒎𝒑𝒍𝒆 [Commission]
Fanfictionချစ်ခြင်းတွေဟာတိုက်ရိုက်အချိုးကျခြင်းများနှင့် လှလှပပရယ်...။