" အကိုကျွန်တော်ဒီနေ့အလုပ်ကိစ္စချိန်းထားလို့
လာဖြစ်မယ်မထင်ဘူး မိုးရွာမယ်လို့ကြားတယ် အိမ်မှာပဲနေ အပြင်ထွက်ကားမောင်းမနေနဲ့ဦး "ကော်ဖီခွက်ကတစ်ဘက်၊ ဖုန်းကတစ်ဘက်ကိုင်ရင်း ဆူဘင်းဟျူနင်းရဲ့အမှာခြွေတမ်းကိုနားထောင်နေရ
သည်။တကယ်ပါပဲ၊တစ်ရက်လေးမလာဖြစ်တာကို နာရီဝက်လောက်ဖုန်းဆက်မှာနေတာမပြီးနိုင်တော့ဘူး။
" ဟျူနင်းရာ မသွားပါဘူးလို့ပြောပြီးပြီကို မပူနဲ့အိမ်မှာပဲနေမှာ ဟုတ်ပြီလား "
" အင်းပါ ကျွန်တော်ကစိတ်ပူလို့ "
" နားလည်တယ်၊ သွားတော့ နောက်ကျလို့မဖြစ်ဘူးမလား "
" အာဘွားပေးဦး အားရှိအောင်လို့ "
ဟျူနင်းဟာဆူဘင်းမရင်းနှီးသေးတဲ့ပုံစံတွေနှင့်ပြန်လည်ရောက်ရှိလာခြင်းပေ။ ကောင်လေးကတကယ်ကိုပြောင်းလဲသွားပါတယ်။
သူကတော့ဘယ်လိုပဲဖြစ်ဖြစ်မြတ်နိုးမိသည်။ ဟျူနင်းခါအီဖြစ်နေဖို့ပဲလိုအပ်တာမို့။
" ဒါပဲကွာ ငါမအားဘူး "
သူဟျူနင်းရဲ့တုံ့ပြန်မှုကိုမစောင့်ပဲဖုန်းချလိုက်၏။ ပြီးနောက် ဘယ်ဘက်ရင်အုံပေါ်သို့လက်တင်လိုက်သည်။
" ဒီလောက်လေးပြောရုံနဲ့အဲ့လောက်နှလုံးခုန်နှုန်းတွေမြန်ရသလား ချွဲဆူဘင်းရယ် "
တစ်ရက်ပြီးတစ်ရက်ဟျူနင်းကအနားမှာရှိနေပေးသလို၊ ထိုကဲ့သို့ပြုမူနေသော်လည်း ဆူဘင်းအသားကျဖို့တော့လိုဦးမည်။
အထူးသဖြင့် မထင်ရင်မထင်သလိုထထလုပ်တတ်တဲ့ဟျူနင်းရဲ့ရင်ခုန်စရာအပြူအမူတွေပင်။
တင်းတောင်*
တစ်ယောက်တည်းကော်ဖီတစ်ခွက်နှင့်ဟျူနင်းအကြောင်းတွေးနေချိန် အိမ်ရှေ့မှဘဲလ်မြည်သံထွက်ပေါ်လာသည်။
ချွဲဘောမ်ဂယူများလား...။
အထင်အတိုင်းပါပဲ။ တံခါးဖွင့်လိုက်သည်နှင့်ပေါ်လာသည်မှာချွဲဘောမ်ဂယူပေ။ လက်ထဲမှာလည်းအထုပ်တစ်ချို့ပါသေးသည်။
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒔𝒊𝒎𝒑𝒍𝒆 [Commission]
Fanfictionချစ်ခြင်းတွေဟာတိုက်ရိုက်အချိုးကျခြင်းများနှင့် လှလှပပရယ်...။