..

267 30 0
                                    

ခရီးကပြန်လာပြီးနောက်ပိုင်း ဂျယ်မင်းနဲ့ဂျယ်နိုကပိုပြီးရင်းနှီးလာခဲ့သည်။ ညဘက်တိုင်းဖုန်းပြောဖြစ်သလို အချိန်တိုင်းလည်း စာပို့ရင်းစကားပြောခဲ့ကြသည်။

အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဂျယ်နိုက ဂျယ်မင်းနဲ့တွေ့ဖို့ကော်ဖီဆိုင်တွင်ချိန်းဆိုလိုက်သည်။

ကော်ဖီဆိုင်က လူရှင်းတယ်၊ နောက်ခံတီလုံးငြိမ်ငြိမ့်လေးတွေဖွင့်ပေးထားပြီး ဂျယ်မင်းကြိုက်တဲ့အမေရီကာနိုနံသင်းသင်းလေးကလည်းပျံ့လွင့်နေသည်။

"ကိုယ်နဲ့တွဲကြမလား"

ဂျယ်နိုရဲ့စကားကြောင့် အမေရီကာနိုခွက်ကို လက်လှမ်းနေတဲ့ဂျယ်မင်းရဲ့လက်ကရပ်တန့်သွားပြီး အပြုံးလို့ဆိုမရတဲ့ အပြုံးတစ်ခုကိုပြုံးမိသည်။

"အင်း တွဲကြမယ်"

ဂျယ်မင်းရဲ့အဖြေကြောင့်ဂျယ်နိုလည်း သူ့ရဲ့မျက်လုံးလေးတွေပါမှိတ်ကျတဲ့အထိပြုံးမိလိုက်သည်။

တွဲပြီး တစ်နှစ်အကြာမှာပဲသူတို့အတူစနေခဲ့တယ်။

တစ်နှစ်အတွင်းအရာအားလုံးက အဆင်ပြေနေခဲ့ပြီး လောကကြီးကိုမေ့ပစ်‌တဲ့ထိ သူတို့နှစ်ယောက်ဟာပျော်ရွှင်နေခဲ့ကြသည်။

တစ်နှစ်ခွဲဆိုတဲ့အချိန်ကာလရောက်လာတဲ့နေ့မှာ ဂျယ်မင်းကစပြီးမပျော်တော့ဘူး။

အကြောင်းပြချက်တွေမျိုးစုံပြောပြီး ဂျယ်နို့ကိုရစ်တယ်။ လမ်းခွဲမယ်တွေးတိုင်း သူတို့ရဲ့ကတိတစ်ခုကိုသတိရတိုင်း သူတို့လမ်းမခွဲဖြစ်ခဲ့ကြဘူး။

နှစ်နှစ်ပြည့်တဲ့နေ့ကတော့ ဂျယ်မင်းကအိမ်မှာတစ်ယောက်တည်း။ အလုပ်ရှုပ်နေတယ်ဆိုပြီးပြောတဲ့ ဂျယ်နိုကို ဂျယ်မင်းကစောင့်တယ်။

'Happy 2nd anniversary NoNo' လို့ရေးထားတဲ့ကိတ်လေးရဲ့အပေါ်မှာတော့ ဖယောင်းစက်တွေပဲကျန်ခဲ့ပြီး မရှိတော့တဲ့ဖယောင်းတိုင်အတွက် ဂျယ်မင်းကနောက်တစ်တိုင်ထွန်းဖို့မီးခြစ်သည်။

မှတ်မှတ်ရရ ဖယောင်းတိုင်ရဲ့မီးစာပေါ်ရောက်ရမယ့်မီးတောက်ဟာ ဂျယ်မင်း‌လက်ပေါ်ရောက်ခဲ့သေးသည်။

Toxin' // NominWhere stories live. Discover now