My first ever note ?!?

137 14 4
                                    

Hello !!!!!

တစ်ပိုင်းရေးပြီးတိုင်း တစ်နှစ်လောက်ပျောက်သွားတတ်တာမလို့  𝗧𝗼𝘅𝗶𝗻 က complete ဖြစ်တဲ့ ပထမဆုံးလေးမလို့ အမှတ်တရချန်ထားချင်လို့လာရေးတာပါ 哈哈

𝗧𝗼𝘅𝗶𝗻 ကအမှန်အတိုင်းပြောရရင် သူငယ်ချင်းရယ် ကိုယ်ရယ် ဖတ်ဖို့လောက်ပဲရေးခဲ့တာ 1k ထိရောက်သွားခဲ့လို့ကျေးဇူးပါ ပြီးတော့ review တွေအတွက်တော့ ပိုကျေးဇူးတင်တာပေါ့

နောက်တစ်ခုအနေနဲ့ character တွေအကြောင်းပြောပြချင်လို့ပါ

တစ်လျောက်လုံးဖတ်ပြီးဘယ်လိုခံစားရလဲဆိုတာလေးရောအဆင်ပြေရင်ရေးပေးကြပါအုံးနော် (တိတ်တိတ်လေးလာပြောမယ့် လူတွေလည်း welcome)

ရေးခဲ့တဲ့ character အရ,

နှစ်ယောက်စလုံးကချစ်ခဲ့ကြပေမယ့် သူတို့ရဲ့အချစ်တွေကလွဲမှားနေပြီးအတ္တဆန်တဲ့အကြောင်းပါ

{ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေတယ်ဆိုတာကလည်း သူတို့ရဲ့အတ္တဆန်တဲ့အတွေးထဲပဲရှင်သန်နေတာမျိုးလည်းဖြစ်နိုင်ပါတယ် }

အချစ်တွေကုန်ဆုံးလာတာကို လက်တွေ့မဆန်ပဲ လက်မလွှတ်ချပဲ အချိန်တွေအကြာကြီးရှေ့ဆက်သွားခဲ့ပြီးမှ ပြုပြင်မရတဲ့အဆုံးလက်လွှတ်ခဲ့ကြတာပါ

အဲ့အချိန်ကျမှ ဂျယ်နိုကနောင်တရခဲ့ပေမယ့် ဂျယ်မင်းကတော့ လက်လွှတ်ဖို့ပဲရွေးချယ်ခဲ့ပါတယ် နှစ်ပတ်စာကတိကဘာလို့သတ်မှတ်ခဲ့လဲဆို ဂျယ်မင်းက toxic ဆန်ပြီး နောက်ဆုံးချိန်ထိ အီဂျယ်နို ကိုသူ့အကြောင်းတွေးစေချင်ပြီး ခုလိုတောင်းပန်တာမျိုးမြင်ချင်ခဲ့လို့ပါ

အဲ့တာဆို ဂျယ်နိုကရော toxic မဆန်ဘူးလား? မဟုတ်ပါဘူး ဂျယ်နိုကတော့ ဂျယ်မင်းပြောခဲ့သလို အတ္တကိုရှေ့တန်းတင်ခဲ့တယ်လူမလို့ သူ toxic ဆန်တာကပဲ အားလုံးရှေ့မှာပိုသိသာသွားပြီး ဂျယ်မင်းကိုတော့ မမြင်ကြတော့တာပါ

-

ဒီလောက်ဆို ဖတ်ရတာပိုအဆင်ပြေကြမယ်ထင်ပါတယ် အတွေးနောက်တစ်ခုလည်း unlock ဖြစ်သွားကြတာပေါ့

တစ်ယောက်ကိုတစ်​ယောက်ရေးခဲ့တဲ့ letter တွေကို 1k ပြည့်ရင်တင်မယ်တွေးခဲ့လို့တင်ပေးလိုက်ပါပြီ အခုမှတကယ် complete ဖြစ်သွားသလိုခံစားရတာ 啊 ~

Toxin' // NominWhere stories live. Discover now