ဒီနေ့ကသူတို့လမ်းခွဲပြီး ပထမဆုံးရက်။
အလုပ်သွားဖို့ပြင်ပြီးအခန်းထဲက ထွက်လာတဲ့ဂျယ်နိုအတွက် ဂျယ်မင်းကမနက်စာအပြင် နေ့လည်စာထမင်းဘူး ပါပြင်ပေးထားသည်။"Morning နာနာ"
"Morning နိုနို"
ဒါမျိုးတွေမကြားရတာ၊ မပြောရတာ ဘယ်လောက်ကြာသွားပြီလည်း ဂျယ်မင်းမသိတော့ဘူး။
ဂျယ်မင်းပြင်ပေးထားတဲ့ နေ့လည်စာဘူးကိုယူကာအပြင်သွားဖို့ တံခါးနားရောက်နေပြီဖြစ်တဲ့ ဂျယ်နိုကို ဂျယ်မင်းကလှမ်းခေါ်လိုက်သည်။
"နိုနို"
ဂျယ်နိုကသူ့ကိုပြန်လှည့်ကြည့်တဲ့အချိန်မှာပဲ နိုနိုရင်ခွင်ထဲဝင်ကာ ပြေးဖက်လိုက်သည်။ ဂျယ်နိုကတော့ထူးဆန်းစွာပင် ရပ်တန့်နေဆဲ။
ဒါတွေက သူတို့စတွဲတည်းကလုပ်ခဲ့တဲ့နေ့စဉ်လုပ်ရပ်တွေပေမယ့် ဘယ်အချိန်ကနေစပြီး ရပ်တန့်သွားကြတာလဲနှစ်ယောက်လုံးမသိကြဘူး။
"ညနေကျစောစောပြန်ခဲ့ နိုနိုကြိုက်တဲ့ထမင်းလိပ်လုပ်ကျွေးမယ်"
"ထမင်းလိပ်မှမဟုတ်ပါဘူး နာနာချက်ကျွေးတာမှန်သမျှ ကိုယ်ကကြိုက်တာကို"
"ဟုတ်ပါပြီ အတတ်ကြီး"
သူတို့နှစ်ယောက်လုံးရဲ့စိတ်ထဲကဆုတောင်းကတော့ အချိန်တွေရပ်တန့်နေပါစေဟူ၍ပင်။
ပထမတစ်ရက်ကုန်ဆုံးပြီးတဲ့နောက်မှာ ဒုတိယတစ်ရက်ကရောက်ရှိလာပြန်တယ်။ သူတို့ဆုတောင်းတိုင်းအချိန်တွေကရပ်နေတာမှမဟုတ်ပဲ…
ဒီနေ့က ဂျယ်နိုရဲ့အလုပ်ပိတ်ရက်မို့လျှောက်လည်ဖို့ဆုံးဖြတ်ခဲ့ကြသည်။
"ဘယ်သွားချင်လဲ နာနာ"
"ကျောင်းကန်တင်းကိုသွားကြရအောင်"
ဂျယ်မင်းရွေးလိုက်တဲ့နေရာက သူတို့စတွေ့ခဲ့တဲ့ ဂျယ်မင်းတို့ကျောင်းရဲ့ကန်တင်း။ ကျောင်းပြီးတည်းက မရောက်ဖြစ်တော့တာအတော်ကြာပြီ။
သူတို့စတွေ့ခဲ့တဲ့ခုံလေးကလည်း ထိုင်မယ့်သူမရှိလွတ်လို့နေတယ်။ လွန်ခဲ့တဲ့လေးနှစ်ကထိုင်ခဲ့တဲ့နေရာလေးမှာပဲ ဂျယ်မင်းကထိုင်လိုက်သည်။