📜 နာနာ

124 15 0
                                    

𝐉𝐚𝐞𝐦𝐢𝐧'𝐬 𝐥𝐞𝐭𝐭𝐞𝐫 𝐭𝐨 𝐉𝐞𝐧𝐨

နိုနို !! ဒီစာကိုဖတ်နေတဲ့အချိန်ငိုနေမလား
အာအီဂူး ငါ့ရဲ့ကလေးဆန်တဲ့ကောင်လေး... မနှစ်သိမ့်ပေးနိုင်တော့လို့တောင်းပန်ပါတယ် ဘေးနားမှာမရှိပေးနိုင်တော့လို့တောင်းပန်ပါတယ် အခုလိုဘေးနားမှာမရှိတော့ဘူးဆိုတာက ငါကမင်းလိုကောင်းတဲ့လူနဲ့မထိုက်တန်လို့ထွက်သွားတယ်ပဲမှတ်လိုက် ;)

ဒါပေမယ့်လည်း ဂျယ်နို... ဒီစာကိုမင်းတစ်သက်လုံးမမြင်ရတော့ဘူးလို့ယုံကြည်ချင်သေးတယ် ရှေ့မှာဖြစ်ခဲ့သမျှတွေအကုန် ငါကမင်းကိုမပြောပဲသည်းခံထားခဲ့တာတွေက ငါကကောင်းတဲ့လူဆိုတာမျိုးကြောင့်မဟုတ်ပဲ မင်းကိုလက်လွှတ်ဖို့မရဲတဲ့လူဖြစ်နေလို့ပါ အဲ့တာကြောင့်ထပ်ပြီးခွင့်လွှတ်ပေးအုံးမယ်မလား ငါ့ရဲ့ခွေးပေါက်လေး

ဒီစာကိုဖတ်နေတဲ့အချိန်လမ်းခွဲပြီးပြီဆိုတော့ ရည်းစားဟောင်းအနေနဲ့ မင်းကိုအသစ်နဲ့မြင်ရမှာ နည်းနည်းတော့သဝန်တိုလောက်သေးတာမလို့ ခြောက်လ? အာညီးး တစ်နှစ်လောက်နေမှရည်းစားအသစ်ထားပါလား haha ရည်းစားဟောင်းကနေအခုလိုပြောခံရတာရယ်စရာကြီးနော်ဟုတ်တယ်မလား ဒါမှမဟုတ်မရယ်ရတဲ့ဟာသတွေကိုငါက အတင်းလုပ်ရယ်မိနေတာလား ~

မင်းငိုနေမှန်းသိလို့ စိတ်ပြေအောင်အပေါ်ကစာတွေရေးခဲ့ပေးပြီးပြီမလို့ အခုမှအတည်စာက သေချာစမှာမလို့ သေချာဖတ်နော် ဂျယ်နို

ပထမဆုံးအနေနဲ့ ချစ်တယ် ဂျယ်နို
ဒီစကားကိုလေးနှစ်အတွင်း ထောင်နဲ့ချီပြီးကြားဖူးခဲ့ပေမယ့် ဒါကတော့နောက်ဆုံးပြောတာပဲ
ချစ်ခဲ့တယ် ဂျယ်နို
ဘဝမှာပထမဆုံးဘယ်သူနဲ့မှမတူအောင်ချစ်ခဲ့တာမလို့ မင်းကငါ့ရဲ့အချစ်ဦး၊ နောက်ထပ်ရှိမလာတော့မယ့်အချစ်ပဲ

အခုချိန်မှာ ငါမရှိတော့လို နိုနိုကနောင်တရနေလောက်လား? ဒါကပဲခနပဲဖြစ်မှာပါ ဂျယ်နိုသိလား မင်းကအတ္တကြီးတတ်တာကိုလေ... ကိုယ့်အတွက်ကိုယ်ပဲကြည့်ခဲ့တာမလို့ နောက်လည်းကိုယ့်အတွက်ကိုယ်ကြည့်သွားမယ့်လူမျိုးမလို့ ပင်ပန်းအောင်အကြာကြီးနောင်တရမနေပဲ မေ့ပစ်လိုက်

နောက်ထပ်မင်းဘေးမှာရှိလာမယ့် partner အပေါ်ကို ငါ့ကိုဆက်ဆံခဲ့သလိုမဟုတ်ပဲ စိတ်လုံခြုံမှုအမြဲပေးပြီး၊ သူ့အကြိုက်ကိုလည်းသေချာသိပြီး နွေးထွေးမှုတွေနဲ့ချစ်ပေးနိုင်မယ့်လူတစ်ယောက်ဖြစ်လာဖို့မျှော်လင့်ပါတယ်

သေချာပေါက်ငါကဘေးနားမှာမရှိတော့ပေမယ့် အဲ့လိုဂျယ်နိုအတွက်အဝေးကနေပဲဂုဏ်ယူပေးနေမှာပါ မင်းရဲ့တခြားရည်းစားဟောင်းတွေလို ငါကမင်းရဲ့လက်ရှိရည်းစားကို ဒုက္ခပေးတတ်တဲ့လူမျိုးမဟုတ်လို့လေ

လမ်းခွဲပြီးသွားတဲ့နောက်ပိုင်း ငါ့ကိုမတွေ့ရရင်လိုက်မရှာပါနဲ့ ထပ်ဆောင်းပြောပြရရင် အသက်တော့ရှင်နေလောက်ပါတယ် ကျိန်းသေပေါက်ပေါ့ ဒါပေမယ့် မင်းကိုချစ်ခဲ့တဲ့ နာဂျယ်မင်း၊ မင်းခေါ်ခဲ့တဲ့ နာနာကတော့ ဒီလောကကြီးမှာမရှိတော့ဘူး

အဆုံးထိလမ်းမခွဲကြဖို့ မျှော်လင့်ခဲ့ပါတယ်

From,
နာနာ

Toxin' // NominWhere stories live. Discover now