"အရှင် ...အရှင်
နတ်ဆေးဆရာကိုပင့်လာပါတယ်""မြန်မြန်အခစားဝင်ခိုင်းလိုက်"
တစ်ကိုယ်လုံးအဖြူရောင်ဝတ်ဆင်ထားတဲ့နတ်ဆေးဆရာဆိုသူဟာ စစ်သူကြီးရဲ့အတင်းအကြပ် အခန်းထဲဆွဲခေါ်လာခြင်းခံရပြီး ဘုရင့်ထံအခစားဝင်ရတော့သည်။
"မောင်မင်း ငါကိုယ်တော်ရဲ့ကြင်ယာတော်....အာ
မဟုတ်သေးဘူး အခုမိဖုရားဖြစ်သွားပြီ
ငါကိုယ်တော်ရဲ့မိဖုရားကိုကျန်းမာလာအောင်
ကုသပေးနိုင်မလား"စကားတွေအလွဲလွဲအမှားမှားနဲ့ ဝမ်ပြည့်ရှင်ဟာ မျက်လုံးထဲတွင် ယခင်ကလိုမာန်အပြည့်မရှိဘဲညှိုငယ်ကျနေလေသည်။ခခယယနဲ့ အကူညီတောင်းနေပုံမှာ ဝမ်အရှင်ရဲ့ပုံစံမဟုတ်ပါ။
လူတကာ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ရာဇမာန်အပြည့်ရှိတဲ့ထိုဘုရင်က ဆေးဆရာတစ်ယောက်ဆီမှာ အောက်ကျခံပြီးအကူညီတောင်းလိမ့်မည်ဟုဘယ်သူကမှ ယောင်လို့တောင်မစဉ်းစားဖူးချေ။ မယ်တော်နဲ့ခမည်းတောင်နတ်ရွာစံတုန်းကတောင် မျက်ရည်တစ်စက်မကျဘဲ အသဲမာလွန်းလှတဲ့ဒီဘုရင်ငယ်ဟာလေ အပယ်ခံကြင်ယာတော်လေးအတွက်တော့ ဘာဘဲလုပ်ရ လုပ်ရ သူလုပ်တော့မည့်သဘောရှိသည် ။ဝမ်အရှင်ရဲ့ နွမ်လျအားငယ်နေတဲ့ပုံစံမြင်တဲ့အခါ နတ်ဆေးဆရာရှောင်ရှင်ချန်မှာ ဒေါသထွက်ပြီးဆေးမကုပေးဘူးဟုမာန်တင်းထားသမျှအတွေးများ အကုန်ပျောက်ဆုံးကုန်သည်။
"ကျနော်မျိုး အတတ်နိုင်ဆုံး အစွမ်းကုန်
ကုသကြည့်ပါမယ်အရှင်"
ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ဘယ်တော့မှပြန်မပြင်တတ်တဲ့နတ်ဆေးဆရာတောင် ဝမ်အရှင်ရဲ့ပုံစံကြောင့် ပြန်ပြင်သွားသည်ဆိုကတည်းက အရှင်ဟာ ဘယ်လောက်တောင်သနားစရာကောင်းနေပါလိမ့်...ဖြူလျော့စွာလှဲလျောင်းနေတဲ့ အပယ်ခံကြင်ယာတော်ရှောင်ကျန့်ရဲ့ အခြေအနေကို ဆေးဆရာစမ်းသပ်ကြည့်ပြီးနောက် မျက်နှာဟာသိသိသာသာပျက်ယွင်းနေခဲ့သည်။
အချိန်အနည်းငယ်လောက်ကြာပြီးသည်အခါ
ဆေးဆရာဟာသက်ပြင်းတစ်ချက်ချကာ သနားစရာကောင်းလှတဲ့ ဝမ်အရှင်ကိုကြည့်လိုက်သည်။