Part-1

736 56 2
                                    

Uni...

"မဟုတ်ဘူး.... မဟုတ်ဘူးလို့ပြောကြ ရှောင်ကျန့်သေတာမဟုတ်ဘူးလို့ပြောကြ ငါအမိန့်ပေးနေတယ်"
အရူးလိုအော်ဟစ်ပြီးရင်ဘတ်ကိုထုရိုက်နေတဲ့ ဝမ်ဘုရင်ကို မည်သူမှမတားရဲကြပေ။

"ငါရှောင်ကျန့်နဲ့တွေ့မယ် ငါ....ငါသူ့ကိုတောင်းပန်ရအုံးမယ်"

"မင်းကြီး မီးဖွားဆောင်ထဲဝင်ဖို့မသင့်လျော်ကြောင်းပါ"
အရှေ့ဆုံးကနေ အရဲစွန့်ပြီးတားနေတဲ့ အထိန်းတော်ချုပ်ကြီးကို ဝမ်ရီပေါ်ဓားထုတ်ကာရွယ်လိုက်သည်။

"ဖယ်လို့ငါပြောနေတယ် မသေချင်သေးရင်ဖယ်ကြ"

စိတ်လွှတ်နေတဲ့လူတစ်ယောက်လို ဝမ်ရီပေါ်ခေါင်းထဲဘာမှမသိတော့ပေ။ သူသိတာရှောင်ကျန့်ကိုတွေ့ရဖို့။

"ကျနော်မျိုးကိုသတ်ပြီးမှဝင်ပါအရှင်"

"ဖယ်လို့ငါပြောနေတယ်နော်"
ဝမ်ရီပေါ်ဓားဟာ အထိန်းတော်ချုပ်ကြီးနဲ့ လက်မောင်းကိုရှပ်ထိသွားသည်။
ထို့နောက် အရှေ့ကကွယ်နေတဲ့ရံရွေတော်တွေအားလုံးတွန်းထုတ်ပြီး သားဖွာဆောင်ထဲဝုန်းဒိုင်းချဲပြီးဝင်လာခဲ့တဲ့ဝမ်ဘုရင်

အသက်မဲ့ပြီးဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ရှောင်ကျန့်ရှေ့ဒူးထောက်ကာ ငိုယိုတော့သည်။

"ကျန့်ကော....
တောင်းပန်ပါတယ် ပြန်လာခဲ့ပါ ကျနော်တောင်းပန်ပါတယ်ဗျာ အဲ့ကလေးလဲမလိုချင်တော့ပါဘူး
ခွင့်မလွှတ်လဲရပါတယ် ကျနော့်နားကထွက်မသွားပါနဲ့"

ဘေးနားက အပျိုတော်တစ်ဦးကအခုမှမွေးကင်းစနီတာရဲမင်းသားလေးကိုတုန်တုန်ရီရီနဲ့ပွေ့ထားသည်။
ဝမ်ရီပေါ်မျက်လုံးတွေကကလေးစီရောက်သွားသည်၊

"အဲ့ကလေးကိုငါသတ်မယ် မင်းကြောင့်ကျန့်ကောသေရတာ"
အပျိုတော်လေးက ကလေးကိုချီက တဖြေးဖြေးနဲ့နောက်ဆုတ်သွားသည်။ ဝမ်ရီပေါ်ဓားက ကလေးနားတဖြေးဖြေးတိုးလာခဲ့သည်။

"တော်ပါတော့ ရီပေါ်ရယ်
တော်ပါတော့"
မီးဖွားဆောင်ထဲပြေးဝင်လာပြီးအပျိုတော်လက်ထဲက မင်းသားလေးကိုလွဲယူက တားနေသူဝမ်ချင်းက ဝမ်ဘုရင်ရဲ့အမတော်ဖြစ်သည်။

Side EffectWhere stories live. Discover now