Part-5

212 30 1
                                    

"ကိုယ့်ညီမကိုယ်တောင်သတ်ပြီး နေရာလုရဲ‌တဲ့ကောင် ရှောင်ကျန့် မင်းသိပ်ရွံစရာကောင်းပါလား"

"ဝမ်....."
ဒါဟာရှောင်ကျန့်မကြာခဏစွပ်စွဲခံနေရဆဲကိစ္စတစ်ခုပါဘဲ ရှောင်ကျန့်ရဲ့အမွှာညီမ‌လေး
ရှောင်ဟွာ ကဝမ်ပြည့်ရှင်ရဲ့အချစ်ဦးဖြစ်ခဲ့သည်။
ရှောင်ဟွာသေဆုံးရတာလည်းရှောင်ကျန့်နဲ့တစ်စိတ်တပိုင်းပါဝင်ပတ်သတ်နေတာလို့ဝမ်ဟာအလုံးစုံယုံကြည်ပါသည်။

ဝမ်မင်းကြီးက အပယ်ခံကြင်ယာရှောင်ရဲ့ လည်ပင်းကိုညစ်ရင်း ဒေါသထွက်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေခဲ့သည်။

"ရွံစရာကောင်းတယ်ရှောင်ကျန့် မင်းခန္ဓာကိုယ်ကိုလည်းငါရွံတယ် မင်းစိတ်ဓာတ်ကိုလဲရွံတယ်
ငါမင်းကိုထိ‌လိမ့်မယ်လို့မျှော်လင့်နေတာလား
ဝေးသေးတယ် အခုမင်းကိုထိတွေ့ခဲ့တဲ့ငါအဆင်တန်ဆာတွေ ငါ့လက်တွေကို ငါကသေချာဆေးကြောသန့်စင်မှာ ငါကရွံလွန်းလို့ဒီအိပ်ဆောင်မှာတောင်ထပ်ပြီးစက်တော်မခေါ်နိုင်တော့ဘူး "
ဝမ်ဟာ ကြင်ယာတော်ရှောင်ရဲ့မျက်နှာကိုတစ်ချက်တောင်လှည့်မကြည့်ဘဲမြန်မြန်လှည့်ထွက်သွားတော့သည်။

အမှန်စင်စစ် ဝမ်ဘုရင်ဟာ သူ့သိပ်ရွံလှပါတယ်ဆိုတဲ့ရှောင်ကျန့်ရဲ့မျက်ရည်တွေကို ကြာကြာမကြည့်နိုင်လို့ရှောင်ထွက်ခဲ့ခြင်းသာဖြစ်သည်။
ယခင်မင်းကြီးရဲ့ကတိအတိုင်း အမတ်ကြီးရှောင်ရဲ့ရင်သွေးတွေဟာ နန်းတွင်းမှာအိမ်ရှေ့စံရဲ့ကြင်ယာတော်အဖြစ်ချီးမြှင့်မြောက်စားရမှာဖြစ်သည်။ အိမ်ရှေ့စံဝမ်ဟာ ရှောင်ကျန့်ရဲ့အမွှာ ရှောင်ဟွာနဲ့ငယ်စဥ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့ကြသည်။ ကြင်ယာတော်ကောက်ဖို့လည်းအိမ်ရှေ့စံဝမ်ဟာအတော်လေးတက်ကြွနေခဲ့သည်။ ကံဆိုးစွာနဲ့ ရှောင်ဟွာလေးဟာ ဘာရောဂါမှန်းမသိဘဲရုတ်တရက်သေဆုံးခဲ့ရသည်။ သေဆုံးရတဲ့အကြောင်းအရင်းဟာလည်း ကြာပန်းကျိန်စာတစ်ခုကြောင့်လို့သာသိရပြီးဘာမှရေရေရာရာထပ်မသိရချေ။ ထိုအခါမှာဘယ်ကပေါ်လာမှန်းမသိ ရှောင်ဟွာနဲ့အတော်ရုပ်တူလှတဲ့ရှောင်ဟွာရဲ့အကိုတော် ရှောင်ကျန့်ဆိုသူကိုကြင်ယာတော်အဖြစ် မြှောက်စားလိုက်ရသည်။ ရှောင်ကျန့်ကအိမ်ရှေ့စံဝမ်ကိုတွေ့တွေ့ချင်း ရိုင်းစိုင်းစွာ'ဝမ်'ဟုတစ်လုံးတည်းသာခေါ်သည်။
နောက်မှတဖြေးဖြေးသိလာတာက ရှောင်ကျန့်ဟာကြာပန်းကျိန်စာနဲ့မွေးလာသူဖြစ်ပြီး မကျေနပ်သူကိုလည်း ထိုကျိန်စာနဲ့သတ်နိုင်သည်။ ထို့ကြောင့်အမတ်ကြီးရှောင်ဟာ သားအကြီးရှောင်ကျန့်ကိုနှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ယခင်မင်းကြီးလက်ထပ်မှာ ရှောင်ဟွာသေဆုံးရတာဟာ ရှောင်ကျန့်ကြောင့်မဟုတ်ကြောင်းအပြည့်အဝကာကွယ်ခဲ့ကြပေမဲ့
ယခုဝမ်ရီပေါ်နန်းတက်တဲ့အခါ ကြင်ယာတော်ရှောင်မှာအားကိုးရာမဲ့တော့သည်။ ဖခင်အမတ်ကြီးကိုယ်တိုင်က ကျိန်စာနဲ့သားကို မကောင်းဆိုးဝါးသဖွယ်၁၀နှစ်တိုင်တိုင်ပိတ်လှောင်ခဲ့သည်။ ရှောင်ကျန့်ကိုကာကွယ်ပေးသည့်မိခင်မှာလည်း အသက်၁၀နှစ်အထိသာ‌
ရှောင်ကျန့်အနားနေနိုင်ခဲ့သည်။

Side EffectWhere stories live. Discover now