Part-2

467 59 12
                                    

Uni.....

ခြောက်တစ်ဝက်မခြောက်တစ်ဝက်နီရဲနေတဲ့သွေးတွေကအသက်မဲ့နေတဲ့ရှောင်ကျန့် အောက်ပိုင်းမှာပျံ့နေသည်။

ဝမ်ဘုရင်က ကြင်ယာတော် တစ်နည်းအားဖြင့်အပယ်ခံကြင်ယာတော်ရှောင်ကျန့်ရဲ့ခန္ဓာကိုယ်ကို ငြင်ငြင်သာသာပွေ့ချီပြီး ကြာကန်ဘက်ကိုထွက်သွားသည်။

"အရှင် ဘာလုပ်မလို့ပါလဲအရှင်"

"ရှူး...တိတ်တိတ်နေကြ ငါ့ကြင်ယာတော်လေးအိပ်ပျော်နေတယ်
ငါ ရေချိုးသန့်စင်ပေးမလို့"
ဘုရင့်ကိုလဲမတားရဲ အနောက်ကနေ ရံရွေတော်တစ်သိုက်က ကုတ်ချောင်း ကုတ်ချောင်းနဲ့ ငိုယိုပြီးဘုရင်သွားရာကြာကန်ကိုလိုက်လာကြသည်။

ဘုရင်က ကြင်ယာတော်ကိုပွေ့ချီရင်း တော်ဝင်ကြာကန်ထဲကလေးမွေးထားတဲ့သွေးအညစ်အကြေးတွေကိုသန့်စင်ပေးနေသည်။
တော်ဝင်ကြာကန်ဆိုတာ ဘုရင်တွေသာ မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်မှာ အသုံးပြုရတဲ့ကန်ဖြစ်သည်။ ထိုကန်ကို ဝမ်ဘုရင်က
အပယ်ခံကြင်ယာတော်ရဲ့ မသန့်ရှင့်ရဲ့အညစ်အကြေးတွေကိုဆေးကြောနေတာ

"ဘာရပ်လုပ်နေကြတာလဲ ပိုးထည်ယူခဲ့လေ
ကြာပါတယ် ငါ့ကြင်ယာတော်အအေးမိကုန်မယ်"

ရံရွေတော်တစ်ယောက် ကိုင်ဆောင်ပေးထားတဲ့ဘုရင့်အပေါ်ဝတ်ရုံတော်ကိုဖျက်ခနဲဆွဲယူပြီး ကြင်ယာတော်ရှောင်ကျန့်ကိုယ်ပေါ်ပတ်ပေးလိုက်သည်။  မစီးနှောင် ထားလို့ပြန့်ကျဲနေတဲ့ကြင်ယာတော်ရဲ့ဆံပင်တွေကိုဝမ်ဘုရင်က သူ့ခါးစီးကြိုးကိုဖြုတ်ပြီးဆံပင်တွေကိုသေချာစီးပေးလိုက်သည်။

ထို့နောက် မိဖုရားခေါင်တွေသာဝတ်ရတဲ့ ဝတ်ရုံကိုရှောင်ကျန့်ကိုယ်ပေါ်သူကိုယ်တိုင်သေချာဆင်မြန်းပေးလိုက်သည်။
"ငါဝတ်ပေးထားတာအဆင်ပြေရဲ့လား"

"ပြေ....ပြေပါတယ်အရှင်"
ကြောက်ကြောက်လန့်လန့်နဲ့ဘေးက ရံရွေတော်တွေကဝမ်ဘုရင်လိုချင်တဲ့အဖြေပြန်ပေးသည်။

"ငါဒီဝတ်စုံကို သူ့အတွက်သီးသန့်ချုပ်ထားပေးခဲ့တာ
ဒါပေမဲ့ သူမဝတ်ခဲ့ရဘူး အခုဝတ်ရတဲ့အချိန်မှာ
သူဘာကိုမှမသိတော့ဘူး"
ပြောရင်းနဲ့ ဝမ်ဘုရင်ရဲ့မျက်ဝန်းတွေကစိုစွတ်လာသည်။

Side EffectWhere stories live. Discover now