နတ်ဆေးဆရာ ရှောင်ရှင်ချန်ရှိရာဂူကို ဝမ်ဘုရင်ရဲ့စစ်သည်တွေရောက်သွားကြလေးသည်။
သို့သော်ရှောင်ရှင်ချန်းကိုလုံးဝပင့်မရပေ။"လိုက်ခဲ့ပေးပါဗျာ လူ့အသက်ဆိုတာကယ်ကောင်းပါတယ်အခုဟာကလည်း ကျနော်တို့အသက်တွေပါရင်းထားရတာပါ"
စစ်သူကြီးကိုယ်တိုင်ခခယယတောင်းပန်ရင်း ဆေးဆရာကိုပင့်ခေါ်နေရသည်။
သို့သော် ရှောင်ရှင်ချန်ကတော့ ဆုံးဖြတ်ချက်ပြတ်သားစွာလုံးဝဒီနှစ်အတွင်းဂူအပြင်ထွက်ပြီးဆေးကုမည်မဟုတ်ပါ။စစ်သူကြီးရွဲယမ် ခမျာ လည်ပင်းပေါ်ရောက်တော့မည့်ဝမ်အရှင်ရဲ့ဓားကိုကြိုတင်မြင်ယောင်ရင်းဇောချွေးတွေပါပျံလာသည်။ခစားရတဲ့အရှင်ကပြောရင်ပြောတဲ့အတိုင်းတကယ်လုပ်တတ်တဲ့သူဖြစ်သည်။ အခုလည်းဒီနတ်ဆေးဆရာကိုသာ နန်းတွင်းထဲမပင့်နိုင်ရင် သူနဲ့သူ့တပည့်များအစုလိုက်သေရတော့မည်။ တလောကလုံးမှာ သူကြောက်ရတာဆိုလို့ ဝမ်အရှင်တစ်ယောက်သာရှိပါသည်။
"ရှောင်ရှင်ချန် ခင်များကိုကျုပ်နောက်ဆုံးမေးမယ် လိုက်မှာလား မလိုက်ဘူးလား"
စစ်သူကြီးရွဲယမ်မှာ တစ်ကိုယ်လုံးအဖြူရောင်ဝတ်ထားပြီး ပိန်ပိန်ဖြူဖြူသေးသေးလေးနဲ့ ထိုနတ်ဆေးဆရာဆိုသူကိုစိတ်မရှည်တော့ချေ။
ဆေးဆရာက ခေါင်းခါပြရင်း တရားဆက်ထိုင်နေလိုက်သည်။"ရော့ငါ့ဓားကိုင်ထားစမ်း"
ရွယ်ယမ်ဘေးနားကတပည့်တစ်ယောက်ဆီသူ့ဓားကိုအပ်နှံလိုက်ပြီး လက်နှစ်ဖက်ကို သေချာအားယူနေသည်။ နောက်လိုက်တပည့်များကစစ်သူကြီးဘာလုပ်မလဲဆိုတာကိုစိတ်ဝင်တစားကြည့်နေရင်း နတ်ဆေးဆရာထိုင်နေရာကိုစစ်သူကြီးတဖြေးဖြေးချည်းကပ်သွားတာ မြင်လိုက်ရသည်။"ငါတို့စစ်သူကြီးစိတ်မရှည်လို့နတ်ဆေးဆရာကိုလက်ဗလာနဲ့သတ်တော့မယ်ထင်တယ်"
တီးတိုးစကားသံအဆုံး ဖြူဖြူသေးသေးနတ်ဆေးဆရာလေးကိုစစ်သူကြီးကောက်ပွေ့လိုက်ပြီး ဂူအပြင်အမြန်ပြေးထွက်တော့သည်။
ကျန်ခဲ့တဲ့တပည့်တွေမှာမျက်လုံးပြူးပါးစပ်လေးဟရင်းစစ်သူကြီးဂူအပြင် ပြေးထွက်သွားသည်ကိုမျက်စိတဆုံးလိုက်ကြည့်နေကြသည်။