Episode - 3

1.8K 133 84
                                    

(Unicode)

"မိုးရွာသော နေ့တစ်နေ့ ခေါင်းစဥ်နဲ့ စာစီစာကုံး ရေးခိုင်းလိုက်တာ ရေးခဲ့ကြလား"

"ရေးခဲ့ပါတယ်"

"မော်နီတာ လိုက်ကောက်လိုက်"

ကျောင်းတက်တာနဲ့ မြန်မာစာ ဆရာမက အိမ်စာ ထပ်ခိုင်းနေပြီ။ ထည်ဝါ စာအုပ်ကို ထုတ်ကာ အဆင်သင့်ပြင်ထားလိုက်သည်။ ထည်ဝါ့လိုပဲ စျာန်လင်းရောင်ကလည်း အဆင်သင့်။ ဒါပေမဲ့ ညာဘက်ကို တစ်ယောက်ကို ကြည့်လိုက်စဥ်မှာတော့...

"မူရှူး ဘာငိုင်နေတာလဲ၊ စာအုပ်ထုတ်လေ၊ ဟိုမှာ လိုက်ကောက်နေပြီ"

"ဟင် အင်းအင်း"

မင်းဗဟိုတည် တစ်ယောက် မျက်ကွင်းက အညိုလိုက်၊ လူကလည်း ငေါင်စင်းစင်း။ အိမ်စာတော့ လုပ်လာခဲ့လို့ တော်ပါသေးသည်။ ကိုးတန်းက ဆယ်တန်းလောက် အရေးမကြီးသေးပေမဲ့ ဆယ်တန်းရဲ့ အခြေခံက ကိုးတန်း ဖြစ်တာမို့ လက်ရှိမှာ စာသာလျှင် အရေးကြီးဆုံး။ ဒါပေမဲ့ မူရှူး ဝေလေလေ ဖြစ်နေတာကို သတိထားမိနေတာ ကြာပြီ။ ဒါ နယ်မြေစိမ်း၊ ဒေသစိမ်းကြောင့်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။

"မူရှူး မင်း ညက မအိပ်ခဲ့ဘူးလား"

"အိပ်တယ်၊ အိပ်မပျော်လို့"

"ဘာလို့အိပ်မပျော်တာလဲ"

"မသိဘူး၊ ငါ ငါ နှလုံးရောဂါ ဖြစ်ချင်နေတာ ထင်တယ်၊ ဆေးစစ်ကြည့်ရမလား"

"ဟင်း..."

သက်ပြင်းက လွဲပြီး အကြံပေးစရာမှ မရှိတာ၊ သက်ပြင်းပဲ ချပေးလိုက်တာပေါ့။ ထည်ဝါတို့ ကျောင်းက သင်ကြားရေးတင်မက စည်းကမ်းထိန်းသိမ်းရေးမှာပါ နာမည်ကြီးသည်။ ဒါကြောင့်လည်း ထည်ဝါ့အမေကိုယ်တိုင် သားသမီးသုံးယောက်လုံးကို အင်တာနေရှင်နယ်ကျောင်းတွေအစား ဒီကျောင်းမှာ ထားခဲ့တာ။ ကျောင်းသားတွေရဲ့ တစ်လတာ မှတ်တမ်းကို မိဘတွေဆီ တိုက်ရိုက်ပို့တယ်လေ။ ကျောင်းချိန်ပြင်ပ စာကျက်ဝိုင်း ထပ်မယူတဲ့ ထည်ဝါတို့အတွက် ကျောင်းစာကို နိုင်နင်းမှ ရမည်။ တစ်ယောက်က အပျင်းကြီး၊ တစ်ယောက်က စိတ်လေနေတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့တော့ ရှင်းထည်ဝါမောင် ကြာရင် လုံးပါးပါးတော့မှာပဲ။

7. B.Y.E (Completed)Where stories live. Discover now