Episode- 18

1.8K 127 212
                                    

(Unicode)

"မင်းဗဟိုတည်.."

"အီး.. ငါ့ကိုချစ်တယ်တဲ့.. နောက်ဆုံးတော့.."

"ကလေး.."

"ကလေးတဲ့..အီး.."

မူရူးတစ်ယောက် သဲသောင်ပြင်ပေါ်မှာ ဆောင့်ကြောင့်ကလေးထိုင်ကာ စိတ်လိုလက်ရ အော်ငိုနေသည်၊ ဘေးမှာလည်း ရည်းစား ပူပူနွေးနွေးကြီးက ငုတ်တုတ်။ သူ့ရည်းစားက မျက်ရည်သုတ်ပေးလိုက်၊ သူက အော်ငိုလိုက် ဖြစ်နေတဲ့ မြင်ကွင်းက ရီချင်စရာကောင်းလှသည်။ မင်းဗဟိုတည် အငိုမရပ်သေးပါ..။

"ရွှတ်.. အီး ငါ့မှာ နှစ်နှစ်တောင် စောင့်လိုက်ရတာ၊ အခုမှ ချစ်တယ်တဲ့လား..အီး"

"ချစ်ပါတယ်၊ မင်းကို သိပ်ချစ်တယ်"

"အဲ့တာဆိုလည်း စောစောက ပြောပါ့လား၊ အီး ဘယ်သူထင်မှာလဲ၊ ဒီလို ဥစ္စာပေါရုပ်ချောကြီးကို ရည်းစားတော်ရမယ်လို့.. အီး"

ငိုနေပုံလေးကြောင့် သူ့ချစ်သူမှာ အပြုံးမရပ်နိုင်။ လက်ကိုင်ပုဝါလေးလည်း စိုရွှဲနေရှာပြီ။ ဒါပေမဲ့ ငိုနေတဲ့သူက စိတ်ဂဏာငြိမ်ပုံမရ။ ငိုရင်းတန်းလန်းကနေ..

"ဟီး နောက်ဆုံးတော့ ချစ်သူတဲ့လား၊ ဟီး"

"မင်းဗဟိုတည်"

"ဒါ အိပ်မက်မဟုတ်ဘူးမလား၊ ကမ္ဘာကြီးတစ်ခု ကောက်ရလိုက်သလိုပဲ"

ဥာဏ်လင်းရောင်က ရီနေရှာတဲ့ ကလေးမျက်နှာလေးကို ခပ်ဖွဖွထိတွေ့ရင်း..

"အိပ်မက်မဟုတ်ဘူး"

"ပါကြီးရေ.. အိပ်မက်မဟုတ်ဘူးတဲ့.. အီး"

"ခေါင်းကိုက်လိမ့်မယ်"

"ရွှတ် ဝမ်းသာလွန်းလို့ မျက်ရည်က ထိန်းမရဘူး..အမ်-"

မူရှုးကို မှင်သတ်သွားစေတာက လှပစွာကွေးတက်သွားတဲ့ သူ့အပြုံးတစ်လက်ကြောင့်။ သူ့မှာရှိနေကျ အေးစက်မာကျောခြင်းတွေ ပျောက်ကွယ်ကုန်ပြီး သွားကလေးများ အစီအရီပေါ်လာကာ မျက်ဝန်းလေးများက လခြမ်းကွေးအလား။ ကိုဥာဏ်က လူသားဆန်ဆန် ပြုံးတတ်သတဲ့။ ဒီလိုအပြုံးကို မင်းဗဟိုတည်သာ မြင်ဖူးချင်သည်။ ကြည့်နေဆဲမှာပဲ နဖူးထက်ကို လေးခါမြောက် အနမ်းကြဲခံလိုက်ရတော့ မူရှုးပါ ချစ်စရာကောင်းစွာ ပြုံးသွားပြီး..

7. B.Y.E (Completed)Where stories live. Discover now