💚 Author Note 💚

749 58 39
                                    

(Unicode)

မင်္ဂလာပါ Nini ပါရှင်။ အချိန်တွေကုန်တာ မြန်လွန်းတယ်နော်။ ထုံးစံအတိုင်း နီ့မှာ B.Y.E အတွက်လည်း ပြောပြစရာတွေ ရှိပါတယ်။

B.Y.E ဘယ်လိုဖြစ်တည်လာသလဲဆိုရင် အစကတော့ နီ့သူငယ်ချင်းတောင်းတဲ့အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ၊ Crush အစ်ကိုကြီးနဲ့ ကလေးအသွက်လေးဇာတ်ပေါ့။ ဒီလိုချစ်စရာဇာတ်အိမ်လေးထဲမှာမှ မွေးစားသားဖြစ်တာတောင် အချစ်တွေစုပုံရပြီး ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တဲ့ ကောင်လေးနဲ့ မွေးစားခံခဲ့ရတာတောင်မှ အတိတ်ကမိသားစုကြောင့် ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ ကောင်လေးနှစ်ယောက်ကို ယှဥ်တွဲပြထားပါတယ်။

မိသားစုရဲ့နွေးထွေးမှုဆိုတာ အမှန်တကယ်ကို အရေးကြီးတဲ့အရာပါ။ အဖေနဲ့အမေ ကတောက်ကဆဖြစ်ကြတိုင်း အဓိကသွားသက်ရောက်တာက သားသမီးတွေပါပဲ။ ဒီအချက်ကို နီ ချပြချင်တာလည်း ပါပါတယ်။ B.Y.E ရဲ့ ဇာတ်ဆောင် ဥာဏ်လင်းရောင်ဆီမှာ ကလေးဘဝ နာကျဥ်မှုတွေက အရိုးထဲစွဲနေပြီး အသက်မဲ့လူသားတစ်ယောက်လို ရှင်သန်လာခဲ့ပါတယ်။ နီ အားနာမိတဲ့ နောက်ဇာတ်ဆောင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီလူသားအတွက် မင်းဗဟိုတည် မွေးဖွားလာခဲ့ပါတယ်။

မူရှုးလေးရဲ့ ကာရိုက်တာက ငယ်ငယ်ရွယ်ရွယ်၊ သွက်သွက်လက်လက် ပြောရရင် ကိုဥာဏ်နဲ့ ဆန့်ကျင်ဖက်ပါပဲ။ မူရှုးလေးကနေ နီ ပြောချင်တာက "အငိုလွယ်တိုင်း အားမနည်းဘူး" ဆိုတဲ့ အချက်ပေါ့နော်။ ကလေးက စိတ်ဓာတ်မာတယ်၊ သန်မာတယ်ဆိုတာကို မြင်ခဲ့ကြမှာပါ။ အချစ်နဲ့တွေ့ပြီးတဲ့နောက် လူကြီးဆန်ဖို့ကြိုးစားရင်း ကလေးဆန်နေဆဲဖြစ်နေတာကိုလည်း တွေ့ကြရမှာပါ။

ပြီးတော့ ထောက်ပြစရာများနိုင်တဲ့ လက်ထပ်တဲ့ကိစ္စ..၊ နီ အကြိမ်ကြိမ် စဥ်းစားပြီးမှ ကလေးတွေအတွက် ဖြစ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် နီ မင်္ဂလာဆောင်ကို ထည့်သွင်းခဲ့ပါတယ်။ ဒီ့အတွက် နီ့ကလေးတွေကို နီ ထာဝစဥ် ကာကွယ်ပေးသွားမှာပါ။ နီ့ကို နားလည်ပေးပါနော်။

ပြီးတော့ True Love Universe မှာ ချစ်သူတွေကြားက အချစ်တင်မကဘဲ မိသားစု၊ မိတ်ဆွေ၊ မောင်နှမ ဒီလိုမေတ္တာအသီးသီးကို ရည်ညွှန်းတယ်လို့ နီ ပြောဖူးပါတယ်။ B.Y.E လည်း ဒီအချက်ကို ကောင်းကောင်းပြသနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့ နီ ယုံကြည်ပါတယ်ရှင့်။ TLU ဇာတ်လမ်းတိုင်းရဲ့ အနေအထားအမျိုးမျိုးနဲ့ ပါဝင်ခဲ့တဲ့ထဲမှာဆိုရင် ရိုးမြေကျမှာ ကောင်း သူ့အမေကို ဒူးထောက်တောင်းဆိုတဲ့အခန်းနဲ့ ညိုခဲ့လေသော်မှာ နေညို့ကို သူ့အဖေ လက်ခံပေးတဲ့အခန်းပြီးရင် B.Y.E မှာ ကိုဥာဏ် မိသားစုဆီ ဖွင့်ဟတဲ့အခန်းက နီ့အကြိုက်ဆုံးထဲကတစ်ခုလို့ ပြောလို့ရပါတယ်။

7. B.Y.E (Completed)Where stories live. Discover now