(Unicode)
"You lift my feet off the ground!!"
"You spin me around, You make me crazier, crazier~~"
ရှင်းခန့်ညားမောင်တစ်ယောက် အဆိုတော်သော်လည်း ခံစားချက်အပေါ်လိုက်ကာ အနိမ့်အမြင့်မမှန်ဆိုနေသည်။ ကုတင်ပေါ်က ခရီးဆောင်အိတ်ကလည်း ပွင့်ရက်။ အဝတ်အစားတွေကိုလည်း ထည့်လိုက်ထုတ်လိုက် လုပ်နေသေးသည်။ ခန့်ညားကို ဆိုဖာပေါ်ကနေ စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေသူက ယောက်ဖတော် သစ်ခွန်းတောက်။ သည်းမခံနိုင်တဲ့အဆုံး..
"မဆိုလို့မရဘူးလား"
"ခုလေးတင် မူရှုး Share ထားတာ၊ ပါးစပ်ထဲစွဲနေပြီ၊ You make me crazier, crazier~~"
အဝတ်အစားတွေကို ဖိသိပ်ထည့်နေတဲ့ လုပ်ရပ်ကိုပါ မျက်ဝါးထင်ထင် မြင်နေရတာမို့ သစ်ခွန်းတောက် ပါးစပ်တွေယားလာပြီး..
"မင်းက ခရီးသွားမှာလား၊ အိမ်ပြောင်းမှာလား"
"ဟ ရိုက်ကူးရေးလေ ငခွန်းရဲ့၊ ပြီးတော့ ဒါက ငါ့အနုပညာသက်တမ်းရဲ့ နိဂုံးချုပ် ရိုက်ကူးရေး၊ ငါ သေချာပြင်ဆင်မှရမယ်"
"အေးပေါ့၊ တွဲဖက်က ဇွဲမင်းမာန်ဆိုတော့ မင်း ဒီလောက်ထည့်မှ လူရုပ်ထွက်မှာပေါ့"
"ဆဲရအောင် မလုပ်နဲ့၊ ငါဟာနဲ့ငါ ချောပြီးသား၊ သူ့လိုကြွေရုပ်ကြီး မဟုတ်ဘူး"
ရှင်းခန့်ညား ဆံပင်သပ်ကာ ရှိုးထုတ်ပြလိုက်တာနဲ့ သစ်ခွန်းတောက်က အော့အန်ပြသည်။ ရှင်းခန့်ညားနဲ့ အမေဖြစ်သူ ဘဝကိုလောင်းကြေးထပ်ရမှာ ရှင်းခန့်ညား ခွက်ခွက်လန်ရှုံးခဲ့တာမို့ အနုပညာအလုပ်ကို စွန့်လွှတ်ရတော့မည်။ We are Challengers ရိုက်ကူးရေးက Dancer Right တဖြစ်လဲ ရှင်းခန့်ညားအတွက် နောက်ဆုံးသော အစီအစဥ်။ ရှင်းခန့်ညားက သိပ်မကြေကွဲတတ်တာမို့ သစ်ခွန်းတောက် စိတ်မပူပါ။ ဒီကောင်က စိတ်ဓာတ်ကျခဲသည်။
သူ့ထက်ပိုဆိုးတာက ဥာဏ်လင်းရောင်၊ ခံစားချက်မဲ့နေတဲ့ကောင်။ စိတ်ကျဖို့နေနေသာသာ စိတ်ဆိုးတယ်ဆိုတာ ဘာမှန်းတောင်မသိ...
'ဒုန်း!'
"အောင်မယ်လေး ဘုရား!"
ဥာဏ်လင်းရောင် တံခါးကို စောင့်တွန်းပြီးဝင်လာတာ။ လက်ထဲမှာလည်း အထုတ်တွေက နည်းတာမဟုတ်။ မျက်နှာထားကလည်း နဂိုမာတာထက် သုံးဆလောက် ပိုမာသည်။ အထုတ်တွေကို ပစ်ချလိုက်တာမို့..
YOU ARE READING
7. B.Y.E (Completed)
Romanceခွဲခွာပြီးနောက် ပေါင်းဖက်ရလို၏။ B.Y.E (Be With You Everyday) (23.12.2022 - 20.01.2023) ခွဲခွာပြီးနောက် ပေါင်းဖက်ရလို၏။ B.Y.E (Be With You Everyday)