Episode - 6

1.7K 115 101
                                    

(Unicode)

"ဟဲ့ရောင် လမ်းက ကျဥ်းကျဥ်းလေး၊ ကားဝင်လို့ ရပါ့မလား"

"ရပါတယ်ကွာ၊ ငါ ဝင်ပြမယ်"

"ခန့်ညား ခန့်ညား တဖက်ပိတ်ကြီး၊ ပြန်ဆုတ် ဟ ပြန်ဆုတ်!"

ကားမောင်းသူရဲ့ အသုံးမကျမှုကို သစ်ခွန်းတောက် ငယ်သံပါအောင် အော်ဟစ်ပစ်လိုက်သည်။ သူငယ်ချင်း သုံးယောက်ဆုံရင် ဒီလိုပဲ၊ တစ်ခုမဟုတ် တစ်ခု ဂယက်ထလိုက်ရမှ။ ဖြစ်စဥ်က ရှင်းခန့်ညားမောင်က စတာပါ။ မနက်စာ စားကြရင်း သူ့အကျင့်အတိုင်း စိတ်ထဖောက်သည်။

"ခွန်း လိုင်းပေါ်တက်လာတာ ဒီအကြားအမြင်ဆရာကြီး က တကယ်မှန်တယ်ဆိုပဲ"

"အဲ့တော့"

"အဲ့တော့ ငါတို့သွားမေးကြမလား၊ မင်းတို့၂ယောက်လုံး အားတယ်လေ"

"ဘာ!"

သောက်လက်စ ကော်ဖီလေး သီးမလိုဖြစ်သွားသည်။ ငကြောင်ကို ဆဲဖို့အရေး ငတိတ်ကိုတောင် အဖော်ညှိစရာမလို၊ ငတိတ်ကပါ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါနေပြီ။ ရှင်းခန့်ညားမောင်ဆိုတာ ဘာတွေထထကြောင်မှန်း မသိ။ သစ်ခွန်းတောက် နားချဖို့ ပြင်ရင်း....

"ခန့်ညားရာ အဲ့တာတွေက ရမ်းတုတ်တွေ၊ တကယ်မမှန်ဘူး"

"တကယ်မှန်မမှန်ဆိုတာ သွားမေးမှ သိမှာမဟုတ်ဘူးလား"

"ရှင်းရှင်းပဲ ငါကတော့ မလိုက်ဘူး"

"ငါလည်း မလိုက်ဘူး"

သူငယ်ချင်းနှစ်ယောက်ဆီက ပြတ်ပြတ်သားသား ငြင်းခံလိုက်ရတာမို့ ရှင်းခန့်ညား နှာခေါင်းပွလာသည်။ စားပွဲခုံကို လက်နဲ့ထုချရင်း အကြပ်ကိုင်ရန် ကြိုးစားပါတော့သည်။

"သစ်ခွန်းတောက်! မင်းကို ငါ အစ်မ တစ်ယောက်လုံးပေးထားတာနော်"

"မင်းပေးတာလား၊ ငါတို့တွဲတုန်းကတောင် မင်းသိလို့လား"

"အေး မင်းကို ငါ့ယောက်ဖအဖြစ် လက်ခံပေးထားတာကို မမေ့နဲ့၊ ရတယ်လေ၊ မင်း ကျောင်းတုန်းက ဘယ်လောက်ယွတယ်ဆိုတာ ငါ မမကို-"

"မယုတ်မာနဲ့ ခွေးကောင်၊ လိုက်ဆို လိုက်ခဲ့ပေးမယ်၊ ပြီးပြီးသားတွေ ပြန်မလှန်စမ်းပါနဲ့ကွာ"

7. B.Y.E (Completed)Where stories live. Discover now