ခေါင်းရင်းဆိုင်ပြီး လမ်းလွဲသွားရတဲ့
ရထားလေးတွေမြင်တိုင်း
မင်းကိုသတိရမိတယ် ချစ်သောရေ၊အခုချိန်ထိမင်းကို ချစ်သောလို့နာမ်စားလေး
သုံးမိနေတာမင်းသိရင် ကိုယ့်ကိုလှောင်များရယ်နေမလား၊ဟုတ်တာပေါ့ မင်းအတွက်နာမ်စားသစ်လေး
ကိုယ်စဥ်းစားထားတယ် အဲ့တာလေးက
''အတိတ်'' တဲ့၊ခေါင်းရင်းဆိုင်ပြီး လမ်းလွဲသွားရတဲ့
ရထားလေးထဲမှာတော့ မင်းက
လမ်းလွဲခဲ့ရပြီဖြစ်တဲ့ ကိုယ့်အတိတ်လေး၊ဘယ်သူသတိထားမိမလဲ ကိုယ့်လမ်းကို
သွားနေကြတဲ့
ဆန့်ကျင်ဘက်ရထားလေးတွေက
တစ်ချိန်တုန်းက
တစ်ဘူတာထဲမှာ ရပ်နားခဲ့ဖူးကြောင်း။#DAISY☘
ေခါင္းရင္းဆိုင္ၿပီး လမ္းလြဲသြားရတဲ့
ရထားေလးေတြျမင္တိုင္း
မင္းကိုသတိရမိတယ္ ခ်စ္ေသာေရ၊အခုခ်ိန္ထိမင္းကို ခ်စ္ေသာလို႔နာမ္စားေလး
သုံးမိေနတာမင္းသိရင္ ကိုယ့္ကိုေလွာင္မ်ားရယ္ေနမလား၊ဟုတ္တာေပါ့ မင္းအတြက္နာမ္စားသစ္ေလး
ကိုယ္စဥ္းစားထားတယ္ အဲ့တာေလးက
''အတိတ္'' တဲ့၊ေခါင္းရင္းဆိုင္ၿပီး လမ္းလြဲသြားရတဲ့
ရထားေလးထဲမွာေတာ့ မင္းက
လမ္းလြဲခဲ့ရၿပီျဖစ္တဲ့ ကိုယ့္အတိတ္ေလး၊ဘယ္သူသတိထားမိမလဲ ကိုယ့္လမ္းကို
သြားေနၾကတဲ့
ဆန့္က်င္ဘက္ရထားေလးေတြက
တစ္ခ်ိန္တုန္းက
တစ္ဘူတာထဲမွာ ရပ္နားခဲ့ဖူးေၾကာင္း။#DAISY☘
YOU ARE READING
My souls
Poetryfic မဟုတ်ပါဘူးနော်.. ကိုယ် ကိုတိုင်တိုင်ဖန်တီးထားတဲ့ကဗျာစာစုလေးတွေနဲ့ တခြားသူတွေရဲ့ မြတ်နိုးမိတဲ့ကဗျာစာစုလေးတွေတင်သွားမှာပါ။ (''#DAISY☘'' လို့ပဲပါရင်ကိုယ်ကိုတိုင်ဖန်တီးထားတာလေးတွေမို့ပါ တခြားသူတွေဟာဆိုရင်တော့ crd ပေးပါမယ်နော်။)