ဒေစီပန်းတွေကို မြင်တိုင်း ကြက်ဥကြော်နဲ့တူတယ်ဆိုပြီး နှာခေါင်းရှုံ့လေ့ရှိတဲ့အမ။
မိန်းကလေးအများစုက ပန်းတွေကို နှစ်သက်ကြတယ်။ အထူးသဖြင့်ဒေစီပေါ့လို့ပြောရင် အနည်းစုထဲမှာ ငါပါတာပေါ့လို့ ဖြည့်ပြောတတ်သူရေ။
ဒီမနက် အိပ်ယာကနိုးတော့ ဒေစီတွေ ခြံထဲမှာ ပွင့်နေတယ်။
အမ ပန်းမကြိုက်ဘူးဆို လို့ မေးတုန်းက အလားဂျစ်ရှိတာမဟုတ်လို့ နင့်အတွက် ငါစိုက်ပေးဖို့မပန်းမကြီးပါဘူးတဲ့။
Kiss me quick ပန်းပင်တွေကတော့ ခပ်ကြီးကြီးအိုးတွေထဲမှာကျကျနနနေရာယူနေတယ်။
ပန်းဖြစ်တာတောင် မာနကြီးပါ့။ ဆူးတွေ အဲ့သည်လောက်ပါစရာလိုလို့လားဆိုပြီး စကားမပြောတတ်တဲ့ ပန်းပင်ကို ရန်ရှာနေတတ်တာလည်းအမပါပဲ။သူများတွေက စီးကရက်ကိုခဲပြီး အထာကျမနေတတ်ပေမယ့် နားရွက်ပေါ်တဲ့အထိ တိုတိနေတဲ့ ယောကျ်ားကေနဲ့ ဆံပင်အမြဲညှပ်လေ့ရှိပြီး
လက်ပြတ်အင်္ကျီတွေနဲ့ ဒူးတိယောကျ်ားဘောင်းဘီတွေပဲ ဝတ်တတ်တဲ့အမက မသိမသာ ယောကျ်ားဆန်တယ်။
စိတ်ကလေးကလည်းလက်တစ်ဆစ်နဲ့ အရပ်ရှည်သလောက် စိတ်မရှည်တတ်တဲ့အမ။ခုတော့ အမလက်နဲ့ပျိုးထားတဲ့ ဒေစီနဲ့ တခြားပန်းမျိုးစုံ ခြံထဲမှာ ဝင့်ကြွားနေပြီ။
ဒေစီတွေကိုငေးရင်း အမပြန်လာမယ့်နေ့ကိုမျှော်မယ်။အဲ့ဒီ့ ကြက်ဥကြော်နဲ့တူတဲ့ပန်းတွေ ဒီလောက်ပွင့်ရသလားလို့ ဆီးပြောမယ့် အမအပြန်လာကိုမျှော်နေပါတယ်။
နာမည်ကိုက ကြီးကြီးကျယ်ကျယ်နဲ့ ဆူးတွေများတဲ့အဲ့ပန်းပင်ကို မထိမိစေနဲ့အုံးလို့ လှမ်းဆူမယ့်အမပြန်အလာကိုမျှော်နေပါတယ်။အကြောင်းပြချက်မရှိ ထွက်သွားခဲ့တာမို့ အကြောင်းပြချက်မလိုပဲ ပြန်လာနိုင်ကြောင်း အမကိုသိစေချင်တယ်။
ဒီတစ်ခါ ပြန်လာတဲ့အခါ အမကို ဘယ်ကိုမှ ထွက်ပြေးမသွားအောင် ဖမ်းဆုတ်ထားတော့မှာ။#hsunwalmay
YOU ARE READING
My souls
Poetryfic မဟုတ်ပါဘူးနော်.. ကိုယ် ကိုတိုင်တိုင်ဖန်တီးထားတဲ့ကဗျာစာစုလေးတွေနဲ့ တခြားသူတွေရဲ့ မြတ်နိုးမိတဲ့ကဗျာစာစုလေးတွေတင်သွားမှာပါ။ (''#DAISY☘'' လို့ပဲပါရင်ကိုယ်ကိုတိုင်ဖန်တီးထားတာလေးတွေမို့ပါ တခြားသူတွေဟာဆိုရင်တော့ crd ပေးပါမယ်နော်။)