ပိုချစ်တဲ့လူက ပို ပင်ပန်းရတယ်
ဆိုပေမယ့်...အချစ်ခံရတဲ့လူကလဲ
ပင်ပန်းတယ်ဆိုတာကို ငါမေ့နေခဲ့မိတာဘဲ၊ကိုယ့်ရဲ့အချစ်တွေက မင်းအတွက်
ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့မိတာလား၊ကိုယ်က အရမ်းချစ်တော့
မင်းလဲ မလိုချင်တဲ့အချစ်တွေကို
ဟန်ဆောင်ရယူနေရပြီး ကိုယ်မျှော်လင့်ထားတဲ့
လူတစ်ယောက်အဖြစ် ကြိုးစားနေထိုင်ပေမယ့်
မဖြစ်လာနိုင်ခဲ့ဘူး၊မင်းလေ...သိပ်ကိုပင်ပန်းခဲ့ရမှာပဲနော်
မင်းဘက်ကိုနည်းနည်းလေးမှ မကြည့်မိဘဲ
ကိုယ်ချစ်တာပဲ ကိုယ်သိပြီး
တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် အဲ့ဒီအတွက်လဲ
ကိုယ် တောင်းပန်ပါတယ်နော်၊အချစ်ခံရလွန်းလို့ စိတ်တွေရှုပ်နေခဲ့ရမှာပေါ့
ကိုယ်မင်းကို အားနာလိုက်တာ
အဲ့တာကြောင့်...ကိုယ်ဒီတစ်ခါတော့
တကယ် မတားတော့ပါဘူး၊မင်းအတူရှိနေချင်သေးတဲ့ အတောအတွင်းတော့
ကိုယ်လဲ အကောင်းဆုံးနဲ့အလိုက်သင့်
ရှိနေပေးအုံးမှာပါ ကိုယ်ကတော့
ချစ်တဲ့အတွက် မင်းကိုယ်နဲ့ရှိနေသေးတဲ့
အချိန်လေးတွေမှာ မင်းကို..
ပျော်စေချင်တယ် ဂရုစိုက်ပေးချင်တယ်
တကယ်နားလည်ပေးချင်တယ်။အဲ့အတွက်လဲ...မင်းအပြီးမနှင်ခင်လေးထိ
ကပ်တွယ်နေအုံးမှာပါ။ ။#DAISY☘
ကပ်တွယ်နေအုံးမှာပါ။ ။#DAISY☘
YOU ARE READING
My souls
Poesíafic မဟုတ်ပါဘူးနော်.. ကိုယ် ကိုတိုင်တိုင်ဖန်တီးထားတဲ့ကဗျာစာစုလေးတွေနဲ့ တခြားသူတွေရဲ့ မြတ်နိုးမိတဲ့ကဗျာစာစုလေးတွေတင်သွားမှာပါ။ (''#DAISY☘'' လို့ပဲပါရင်ကိုယ်ကိုတိုင်ဖန်တီးထားတာလေးတွေမို့ပါ တခြားသူတွေဟာဆိုရင်တော့ crd ပေးပါမယ်နော်။)