တနင်္လာသမီးလေး အကြောင်း

9 3 7
                                    

သန်မာချင်ယောင်ဆောင်ထားတဲ့ ကျား သို့မဟုတ် တနင်္လာသမီးလေးအကြောင်း ...

၀ဲနတေဲ့ မျက်ရည်တွေကို တွေ့ပါရဲ့နဲ့ ဘာဖြစ်နေလဲမေးရင် ဘာမှ မဖြစ်ပါဘူးလို့ ဖြေတတ်တယ် ။ ကိုက်ထားတဲ့ နှုတ်ခမ်းတွေနောက်မှာ ပြောချင်ရဲ့နဲ့ မပြောရက်တဲ့ စကားလုံးတွေ အများကြီး မြိုသိပ်ထားတတ်တာလေ ။ ကျွန်မက သန်မာတယ်တဲ့ အင်း ဟုတ်မှာပါ ... မျက်ရည်တွေကျပြီး တစ်ညလုံး အိပ်မရတာကို ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ပဲဟာ ။ သန်မာတယ်ပဲ ထားပါ ။

မကြျနှာ၀ိုငျး၀ိုငျး မျက်ခုံးထူထူ နှုတ်ခမ်းဖူးဖူးလေးတွေက သူမရဲ့ သင်္ကေတတွေပေါ့ ။ ပြုံးနေရင်လှတယ် နာကျင်ရဲ့နဲ့ ပြုံးတဲ့ အပြုံးတွေက ပိုလှတယ်။ စကားတွေ အများကြီး ပြောရမှာ ၀နျလေးတတျသလို တစ်ခါတစ်လေကျ စကားတွေ အများကြီးလဲ ပြောနေတတ်တယ် ။ သူက သူသိပ်ချစ်တဲ့ လူအနားရောက်ရင် စကားတွေ အများကြီး ပြောတတ်တဲ့ ကလေးတစ်ယောက်ပဲလေ မသိတဲ့လူတွေအတွက်ကျ မာနသိပ်ကြီးတဲ့ ကောင်မလေးပေါ့ ။ စကား လိုသလောက်ပဲပြောတယ် ပြုံးပြဖို့ခက်တယ် သူချစ်တဲ့ လူတွေအပေါ်သည်းခံသလောက် တခြားလူတွေအပေါ်က စိတ်ရှည်ဖို့ ခက်တယ် ။  မတူတဲ့ လူနှစ်ယောက်ကို တစ်ဦးတစ်ယောက်တည်း ပေါင်းထားသလိုမျိုးပေါ့ ။

ပျော်စရာတွေဆို ဖွင့်ဟဖို့ လွယ်ကူသလောက် အဆင်မပြေတဲ့အရာတွေကို သိမ်းထားတတ်တယ် ။ တစ်ခါတစ်လေ အဆင်မပြေတဲ့ကြားက တခြားသူတွေ အဆင်ပြေသွားအောင် သည်းခံနေတတ်သေးတာလေ ။ သူမက ပြုံးရီဖို့လွယ်တယ် ပြီးတော့ မျက်ရည်လဲ လွယ်တယ် ။ ခင်ဗျားဘေးနားရှိနေရင်း ခင်ဗျားကို လွမ်းတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်သုံးတဲ့အထိ သူကလေ သိပ်ကို သိမ်ငယ်တတ်တာ ။ ကိုယ့်အနားမှာ ရှိနေရင်းက ကိုယ်နဲ့ ဝေးသွားသလိုမျိုး တွေးချင်တွေးနေတတ်တာ ။

အဆင်ပြေပါတယ်လို့ ပြောတဲ့စကားတွေကို မယုံနဲ့ ။ ပြုံးနေတိုင်း ပျော်နေတယ်လို့လဲ မထင်နဲ့ ။ မပြောဖြစ်တဲ့ စကားလုံးတွေ အများကြီးကို မြိုသိပ်ပြီးလဲ အလှဆုံးပြုံးချင် ပြုံးနေတတ်သလို ပျော်ပါတယ်ဆိုပြီး ရယ်ကျဲကျဲနဲ့ မျက်နှာလွဲသွားချင်လဲ လွဲသွားတာ ။ ကျန်းမာရေးတော့ ချူချာတယ် ။ ဖင်နာတယ် ခေါင်းနာတယ် မကြာခဏဖြစ်တယ် ။ ရောဂါဆိုတဲ့ စွဲစွဲမြဲမြဲ မဖြစ်တတ်ပေမယ့် အစဖော်မရတဲ့ နာမကျန်းမှုတွေ အများကြီး ဖြစ်တတ်တယ် ။ သေချာဂရုစိုက်ပေးရင်တော့ အဆင်ပြေသွားမှာပါ ။

အတွေးတွေ တအားလွန်တတ်တယ် ။ ကလေးဆန်တတ်တယ် အသက်အရွယ်ကြီးတဲ့အထိ ကာတွန်းကားတွေ ကြိုက်တတ်ပြန်ရော ။ သီချင်းအေးအေးလေးတွေ ကြိုက်တတ်တယ် ။ ဆူညံနေတာမျိုးကို အလိုလို မုန်းတီးတတ်တယ် ။ ထမင်းစားတဲ့အခါ ဂျီးအရမ်းများတယ် ။ မုန့်ပဲ သရေစာတွေ ပိုကြိုက်တတ်တယ် ။ ထမင်းမစားခင် ရေသောက်တတ်တာကတော့ ပြင်မရတဲ့ အကျင့်ပဲဆိုပါတော့ ။ သူကလေ ... သိပ်ကို ပြောရခက်တာ ခေါင်းလဲ သိပ်မာတာ ။ မတည့်ဘူးဆိုတဲ့အရာတွေကို ဘယ်သူတားတား စားတတ်တယ် ပြီးရင် ဖြစ်ရင်လဲ ခံတယ် ။ သူလုပ်ချင်တာတွေ လုပ်ပြီးသွားရင် ပျော်နေရောပဲ ။

အရာရာမှာ ... သူ့ကိုယ်သူစိတ်နဲ့ ရှင်သန်ရတာကို ပျော်တယ် ။ သူဝါသနာတဲ့ အလုပ်များဆို နေ့မအားညမနားလုပ်နေရလဲ ပင်ပန်းတယ်လို့ ထင်တာမဟုတ်ဘူး ။ သူ မလုပ်ချင်တဲ့အရာကိုများလုပ်နေရရင် စူပုတ်လို့ ။ ညည်းတွားလို့ စကားတွေ အများပြောပြီးရင် မလုပ်ပဲ နေတာလဲ မဟုတ်ပဲလေ ။ အရာရာမှာ သူ့စိတ်နဲ့သူ မဟုတ်ရတာများတာကလဲ သူ့ကံကြမ္မာလို့ပဲထားပါတော့ ။

တိရစ္ဆာန်လေးတွေကို ကြင်နာတတ်တယ် ။ သူတို့လေးများ တစ်ခုခုဖြစ်ရင် ... သူ့မှာ စားမ၀င် အိပ်မပျော်ရတာအမော စိတ်မချဖြစ်နေတာအမော ညည တကူးတက ထထ ကြည့်ရတာအမောပေါ့ ။ ပန်းပင်လေးတွေကို ချစ်တတ်တယ် လက်မှုပညာတွေမှာ ထူးချွန်တတ်တယ် ။ စိတ်၀င်စားတယ်ဆိုရင် ဘယ်အရာကိုမဆို လွယ်လွယ်လေးတတ်မြောက်တဲ့အထိ ဥာဏ်ကောင်းတတ်ကြတယ် ။ နေရာတကာမှာ သူ့ခြေသူ့လက်နဲ့ လုပ်ရမှ ကျေနပ်တတ်ကြတယ် ။ အဲ့တော့ ပိုပင်ပန်းရတာပေါ့ ။

တကယ်လို့ပေါ့ ... တနင်္လာသမီးလေး တစ်ယောက်ကိုသာ ကိုယ့်အနားထားချင်ရင်လေ ဆေးနည်းတွေ အများကြီး ဖတ်ထားပါ သီချင်းတွေ အများကြီး ကျက်ထားပါ သူကြိုက်တဲ့ IDOLတွေနဲ့ သ၀န်မတိုတတ်ဖို့ ကြိုးစားပါ ။ အစားအသောက်တွေ ချက်တတ်ဖို့လဲ လေ့လာပါ ။ သူက တစ်ခါတစ်လေ အစားကြီးသလောက် အပျင်းကြီးတတ်တယ် ။ နားလည်ဖို့ အများကြီး ကြိုးစားဖို့မလိုပါဘူး အရာအားလုံးကို သူပဲ ပြောပြသွားလိမ့်မယ် အရစ်မသန်ဘူး ဒါပေမယ့် သိပ်သိမ်ငယ်တတ်တယ် ။ လူတွေရှေ့မှာ သိပ်သန်မာချင်ယောင်ဆောင်ထားတတ်တယ် ။ အဆင်မပြေမှုတွေ အများကြီးကို မြိုသိပ်ထားတတ်တယ် ။ မင်းကို ချစ်မိရင်လေ သန်မာချင်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေအောက်မှာ မျက်နှာအမှန်ကို ထုတ်ပြလိမ့်မယ် ။ ဒီလောက်ပဲ ... သူမဟာ သန်မာချင်ယောင်ဆောင်ထားတဲ့ ကျားမလေးတစ်ကောင်ပါပဲ ။ ဒါကို သိနားလည်ထားရင် ရပြီ ။

#ကျေးကို

My soulsWhere stories live. Discover now