''31''

7 3 0
                                    

ချစ်သော . . . Emily ။

နင့်မျက်ဝန်းလေးတွေ စိုစွတ်လာတိုင်း
နင့်နှုတ်ခမ်းလေးတွေ နွေးနေတက်တာ
သတိရတယ် Emily . . . ။

ရင်ထဲမှာ ဘယ်တုန်းက ဝေးဖူးလို့လဲ . . . ။

သတိရရင် နံပါတ် ၁ ကို နှိပ်ပါ ။
မမေ့သေးရင် နံပါတ် ၂ ကို နှိပ်ပါ ။
ဘယ်တုန်းကမှ မမုန်းခဲ့ဘူးဆိုရင် ငါ့ကို ဖုန်းခေါ်ပါ . . . ။

မေမြို့မှာပွင့်တဲ့ပန်းက သစ္စာပန်းတဲ့ Emily .  .  ။

မန္တလေးမြို့ရဲ့ ဆောင်းညတွေမှာတော့
ဘယ်တော့မှ မပွင့်မယ့်ပန်းအတွက်
ငါ မူးလဲနေတက်ပြီ . . . ။

ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့မဲ့
လူတစ်ယောက်ရဲ့ ပါးကို အဝေးက
လှမ်းနမ်းရတာ ဆန်းပါတယ် . . . ။

လွမ်းတယ်လို့မပြောပဲ လွမ်းနေရတာမျိုးကို
အချစ်ဟောင်းလို့ခေါ်တယ် Emily . . . ။

#စစ်ငြိမ်း(ချစ်သော Emily)

My soulsWhere stories live. Discover now