ကောမန့်ပေးနော် ချစ်တယ်လေ :'
Unicode
"အားလုံး သေသွားကြတယ် "
" ဖေဖေရော မေမေရော ကိုကိုရော "
"သူငယ်ချင်းတွေရော "
"အားလုံး- အားလုံးပဲ "
အောက်နှုတ်ခမ်းကို ဖိကိုက်လျက်ဆိုလာတဲ့ ကောင်ကလေးရဲ့အသံတွေဟာ တုန်ယင်လျက် ။
" ကျွန်တော်မျက်စိရှေ့မှာတင် အားလုံး "
" ကျွန်တော်ထွက်ပြေးမလာသင့်ဘူး
တစ်ယောက်တည်း အသက်ရှင်ကျန်နေခဲ့တာ အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်မလား
ပြီးတော့ အရမ်းကြောက်တယ်"ဝေ့သီနေတဲ့ မျက်ရည်ကြည်တွေဟာ အပြာရောင်တောက်တောက်မျက်ဝန်းဆီကနေ တွဲခိုလျက်လှိမ့်ဆင်းလာတာနဲ့အတူ တစ်သိမ့်သိမ့်တုန်လာတဲ့ ကိုယ်ငယ်လေးဟာ ကူကယ်ရာမဲ့နေသလို ။
လျစ်လျူရှုမထားရက်နိုင်ပေမဲ့ ဘာလုပ်ပေးရမှန်းမသိတဲ့အခြေအနေမှာ သူ့အဖြစ်ဟာ ခြေမကိုင်မိ လက်မိကိုင်မိ ။
ရှေ့မှာရှိနေတဲ့ သေးသေးလေးရဲ့နာကျင်မှုတွေ စိတ်ဒဏ်ရာတွေဟာ သူထင်ထား ခန့်မှန်းထားလို့မရနိုင်အောင် များပြားနေတာကိုသိခဲ့ပြီးနောက်မှာ သူကိုယ်တိုင်လည်းထပ်တူနီးပါး နာကျင်နေရခြင်းဟာ ဘာကြောင့်မှန်း အဖြေမရှာတတ်ခဲ့ ။
ဘယ်လောက်ထိ နာကျင်နေခဲ့မလဲ ။
ဘယ်လောက်ထိ ကြောက်ရွံ့နေခဲ့လိမ့်မလဲ ။လုပ်လို့များရနိုင်ရင်လေ အဲ့ဒီနာကျင်မှုတွေကို သူပဲအစားခံပေးလိုက်လို့ရရင်လည်း ခံပေးလိုက်ချင်ပါရဲ့ ။
အခုတော့ ဒီရှေ့က ခန္ဓာကိုယ်လေးတုန်ရီတဲ့ထိ ရှိုက်ငိုနေတဲ့ သေးသေးလေးကို သူ့မှာမရှုစိမ့်နိုင်အောင် ။
လျစ်လျူမရှုနိုင်တော့တဲ့အဆုံး ခပ်သာသာလေးပွေ့ဖက်လိုက်တဲ့ သူ့လက်မောင်းတွေရဲ့ထွေးပွေ့မှုအဆုံးမှာ လျော့ရဲကာပါလာတဲ့ ခေါင်းလုံးလုံးလေးက မှီတွယ်ရာကို လိုအပ်နေခဲ့တာထင်ပါတယ် ။
အားကိုးရာမဲ့လွန်းနေတဲ့ ကောင်ငယ်လေး ဘယ်လောက်တောင် ထိတ်လန့်အားငယ်နေခဲ့လေမလဲ ။
YOU ARE READING
How to Train Your Werewolf | SUNGJAKE
Fanfiction•Sungjake •Omegaverse (Vampire+Werewolf) [Make sure to read all #hashtag before u read. And please leave if you see there is something you are not fine with ‼️]