wrong

394 43 3
                                    

Unicode

Flashback

သစ်သားအိမ်တံခါးကို တဒုန်းဒုန်းရိုက်ထုသံက ပြင်းထန်လွန်းတော့ ဆောင်းဟွန်းတစ်ယောက် အခုထိ အိပ်ပျော်နေသေးတဲ့ သားငယ် လန့်နိုးမှာကို စိုးရိမ်ရင်း စိတ်ဆက်ဆက်နဲ့ တံခါးကိုဆွဲဖွင့်ပြီး စစ်ဆေးတော့ မျှော်လင့်မထားတဲ့သူကို တွေ့ရသည် ။

" ဂျေး မင်း ဒီကိုဘယ်လိုလုပ်ပြီး-"

အမောတကောနဲ့ အလျင်စလိုဖြစ်ဟန်ရှိသည့် ဂျေးက သူ့စကားကိုတောင် ဆုံးအောင် နားမထောင်ပဲ အိမ်ထဲ အတင်းဝင်ကာ တံခါးကို ခပ်မြန်မြန်ဆွဲပိတ်သည် ။

" ဂျေး ဘာလို့"

"ဆောင်းဟွန်း အန္တရာယ်ရှိနေပြီ အမြန်သွားမှဖြစ်-"

ဂျေးစကားမဆူံးခင်မှာပဲ အိမ်အပြင်ဘက်နားဆီက ကြားလိုက်ရသည့် အော်ဟိန်းသံဆူဆူညံညံ အော်ဟိန်းသံက ကြောက်မက်ဖွယ် ။

"Strigoi"

ဆောင်းဟွန်း သတိလက်လွတ်ရေရွတ်မိလိုက်သည့်အမည်နာမနောက်မှာ ဂျေးက အပူတပြင်း ခေါင်းငြိမ့်ပြသည် ။

"ဟုတ်တယ် Strigoiတွေသောင်းကြမ်းနေတာ မင်းနန်းတော်ကနေထွက်သွားပြီးကတည်းကပဲ ဦးရီးတော်ကြောင့် နန်းတော်မှာလည်း ဖြစ်ချင်ရာတွေဖြစ်နေတော့ Strigoiတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်တာ အတော်ကြာပြီ ။ ဒီကောင်တွေ အခု နယ်ကျော်ပြီး တွေ့သမျှ ဝင်သောင်းကြမ်းနေတာ တခြားသတ္တဝါတွေ အကုန် အထူးသဖြင့် သမန်းဝံပုလွေတွေဆို packလိုက် အကုန်အသတ်ခံရတာတွေရှိတယ်တဲ့ မျက်လုံးပြာwerewolfတွေဆို အမျိုးပြုတ်နီးပါးပဲ "

ခဏလောက် ။
အလောသုံးဆယ် ရှင်းပြသွားတဲ့ Jayရဲ့စကားတွေထဲ ဆောင်းဟွန်းနားထဲကို ကျန်ခဲ့တဲ့စကားက အတော့်ကိုရှုပ်ထွေးစေသည် ။

အခုပြောလိုက်တာ ။
မျက်လုံးပြာသမန်းဝံပုလွေလို့ဆိုတာ ။
မဟုတ်မှလွဲရော
သူ့ဂျယ်ယွန်း ... ။

ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ဆောင်းဟွန်းကို သတိထားမိပုံမရတဲ့ Jayကတော့ သူ့စကားတွေကို အလျင်အမြန်ဆက်ပြောနေသည် ။

Du hast das Ende der veröffentlichten Teile erreicht.

⏰ Letzte Aktualisierung: Jun 29 ⏰

Füge diese Geschichte zu deiner Bibliothek hinzu, um über neue Kapitel informiert zu werden!

How to Train Your Werewolf | SUNGJAKEWo Geschichten leben. Entdecke jetzt