Unicodeဂျယ်ယွန်းအဲဒီကာလတွေကို မမှတ်မိတော့ဘူး ။
မမှတ်မိချင်တော့ဘူးလို့ဆိုရင်ပိုမှန်မယ် ။သူ ဒီတိုင်းလေးငြိမ်ပြီးနေဖြစ်တယ် ။
အိပ်ရာပေါ်မှာ ခွေခွေလေးလှဲနေရင်း အသက်ရှင်နေရဲ့လားတောင်မသေချာတော့တဲ့ နေ့ရက်တွေပေါ့ ။သူ့အနားမှာ ဆောင်းဟွန်းနီးမရှိတော့ဘူး ။
သူ့ရဲ့ဟွန်းမရှိတော့ဘူးလေ။
ဟွန်းကသူ့ကိုစွန့်ပစ်သွားခဲ့ပြီ ။
သူ့ရဲ့ဟွန်းက သူ့ကိုထားသွားခဲ့တာ ... ။
ဖေဖေနဲ့ မေမေ
ပြီးတော့ ကိုကို ။
ပြီးတော့ ဂျယ်ယွန်းရဲ့သူငယ်ချင်းတွေ ။ဂျယ်ယွန်းချစ်တဲ့သူတွေအားလုံးက လုပ်ခဲ့သလိုမျိုး
ဂျယ်ယွန်းအချစ်ရဆုံး
ဂျယ်ယွန်းရဲ့တစ်ဦးတည်းသော
နောက်ဆုံးသော
ဟွန်းကလည်း သူ့ကိုထားသွားခဲ့ပြန်ပါပြီ ။နောက်ဆုံးမှာတော့ သူဟာ ပိုင်ရှင်မဲ့၊ ခိုးကိုးရာမဲ့၊ အဖော်မဲ့တဲ့ လေလွင့်ဝံပုလွေနာ တစ်ကောင်ပါပဲ ။
ချိနဲ့ပြီး အားအင်ကင်းမဲ့တဲ့နေ့ရက်တွေဟာ မိန်းမောစရာကောင်းလွန်းအောင် ။
အနားမှာရှိပေးတဲ့ ဆူဘင်းဟျောင်းနဲ့ယောန်ဂျွန်းဟျောင်းကို အားနာစရာကောင်းလောက်အောင် ကျေးဇူးကြွေးတွေတင်နေခဲ့ရပြီ ။သူဘာမှမသိတော့ဘူးလေ ။
သူ့ရဲ့ခေါင်းထဲမှာ မဲမှောင်နေတဲ့ဗလာအတိ ။ရင်တစ်ခုလုံးမှာ ဘာမှမရှိတော့လောက်အောင် ဟာနေတဲ့အထိ တစ်စုံတစ်ယောက်က သူ့ရဲ့အတွင်း ကလီစာတွေကို ခွဲစိတ်ထုတ်ယူသွားသလားပါပဲ ။
နေ့ရက်တိုင်းဟာ မှောင်မိုက်တယ် ။
အသက်ရှူသံတိုင်းဟာ အကြောင်းအရင်းကင်းမဲ့တယ်။ဘာကိုမှ မြင်နိုင်စွမ်းမရှိအောင်မှောင်မိုက်နေခဲ့ပြီး ကြားနိုင်စွမ်းမရှိအောင် လေဟာနယ်တစ်ခုဟာ သူ့အနီးပတ်ဝန်းကျင်မှာ ဝန်းရံနေခဲ့တယ် ။
ဒါပေမဲ့ တစ်နေ့ သူပြန်သတိဝင်လာတဲ့အခါမှာ လောကကြီးဟာ တစ်ဖန်ပြန်ထိန်လင်းလို့ရယ် ။
STAI LEGGENDO
How to Train Your Werewolf | SUNGJAKE
Fanfiction•Sungjake •Omegaverse (Vampire+Werewolf) [Make sure to read all #hashtag before u read. And please leave if you see there is something you are not fine with ‼️]