Prologue
-This is not the Start-
Unicode
ဒီအချိန်မှာ ဂျယ်ယွန်းအတွက် နေ့တွေညတွေက အရေးမကြီးတော့ ။
နေ့မှာသာတဲ့ ဟိုးကောင်းကင်ပြင်အဝေးက နေမင်းဆီကို ဂရုမစိုက်အားသလို ညမှာဖြာတဲ့ခပ်အေးအေး လမင်းကိုလည်း အရေးမပေးချင်တော့ ။
အကြောင်းပြချက်ကတော့ ခိုင်ခိုင်လုံလုံပါပဲ ။သူ့အပိုင်နေနဲ့လကို သူ့ဆီ ဘုရားသခင်က လက်ဆောင်အဖြစ်ပေးထားခဲ့ပြီးပြီလေ ။
နေနဲ့လ ။
ဘဝမှာ လမ်းပျောက်မသွားအောင် အလင်းရောင်ပေးမဲ့ နေမင်းရယ်၊ မောပန်းလာရင် ရင်အေးပြီးအားအင်ဖြစ်စေမဲ့ လမင်းရယ်။
ဟိုးကောင်းကင်ကြီးပေါ်က နေမင်းနဲ့ လမင်းမဟုတ်ပေမဲ့ အဲ့ဒီထက်အစထောင်သောင်းမက တန်ဖိုးရှိတဲ့ ဂျယ်ယွန်းကိုယ်ပိုင်နေနဲ့လဟာ သူ့ရင်ကပဲဖြစ်တည်ခဲ့ပြီလေ ။နီနီရဲရဲပါးပြင်ဖောင်းဖောင်းပြည့်ပြည့်တွေက မနက်ခင်းမှလင်းတတ်တဲ့နေရောင်ခြည်တွေထက်တောင် လတ်ဆတ်နုနယ်လွန်းနေတာမျိုး။
ကောင်းကင်ပြာရဲ့အရောင်လဲ့လဲ့ဟပ်တဲ့ မျက်ဝန်းကြည်ကြည်တွေဆီက အကြည့်တွေဟာ သူ့ဆီဦးတည်နေမှန်းသိတော့ ဂျယ်ယွန်းရဲ့နှလုံးသားငယ်ဟာ တသိမ့်သိမ့် ။
ဒါသူ့ဘဝရဲ့ နေမင်းလေးပါပဲ ။ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ အဖိုးတန်ဆုံးဖြစ်တည်မှုငယ်လေး ။တစ်ဖက်တစ်ချက်ဆီက လရောင်ဖြာသလိုကြည်လင်တဲ့ ပါးမို့နုနုလေးတွေ ဝန်းရံထားတဲ့ ဖြူဖြူနုနု မျက်နှာငယ်လေးဆီအကြည့်ရောက်မိပြန်တော့ တွေ့ဆုံမိတဲ့ ပုလဲမျက်ဝန်းတွေပိုင်ရှင်ဟာ သူ့ရဲ့လမင်းကလေးပါပဲ ။
တင်းတင်းစေ့ထားတဲ့ နှင်းဆီရောင်နှုတ်ခမ်းသေးသေးပိစိလေးတွေက ဂျယ်ယွန်းကိုမြင်တော့ ပါးပါးလျပ်လျပ်လေး တွန့်ချိုးကာ ပါးမို့မို့ပေါ်က အချိုင့်ခွက်ကလေးပေါ်တဲ့ထိ ပြုံးပြန်တာကိုမြင်ရပြန်တယ် ။
အေးချမ်းလောက်လွန်းတဲ့ မြင်ကွင်းငယ်ဟာ
အေးချမ်းခြင်းနဲ့အတူ အတိတ်တစ်ခုဆီ လူတစ်ယောက်ဆီပါ ဖျက်ခနဲဆောင်ယူစေသည် ။
လဝန်းငယ်လေးနဲ့တူတဲ့ မျက်နှာနုနုငယ်ငယ်ကလေးဟာ မထင်မှတ်ထားလောက်အောင် ဆင်တူနေပြန်တော့ တစ်ဆစ်ဆစ်နာကျင်မှုနဲ့ တစ်သိမ့်သိမ့်ပျော်ရွှင်မှုက ရောထွေးလျက် အမည်မဖော်နိုင်တော့ ။
VOCÊ ESTÁ LENDO
How to Train Your Werewolf | SUNGJAKE
Fanfic•Sungjake •Omegaverse (Vampire+Werewolf) [Make sure to read all #hashtag before u read. And please leave if you see there is something you are not fine with ‼️]