အပိုင်း(၃)

2 0 0
                                    

    
    နီဆွေးလဲ နည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရသည်။ ကောင်းပြီလေ သူသာရှန်ဇေဆီက မြေပုံကိုအတင်းတောင်းပြီး လမ်းမပြခဲ့ရင် အခုလောက်ဆို မြို့တံခါးကိုမြင်နေရလောက်ပြီလေ။ သစ်ပင်တွေကြားထဲတော့ မပိတ်မိလောက်ဘူး။ ကံကောင်းသည်က ယခုရောက်ရှိနေသော နေရာမှာလဲ ကျွန်းတစ်ခုဖြစ်နေသည့်အပြင် တိုင်းပြည်တစ်ခုပါရှိနေသေးသည်။ မူလရည်ရွယ်ချက်ဖြစ်တဲ့ သဘော်တစ်စင်းကိုတော့ ဝယ်လို့ရနိုင်သေးသည်ပင်။
    
      ထိုသို့တွေးမိပြီး နီဆွေး ဘေးပတ်လည်ကိုလှည့်ကြည့်လိုက်မိသည်။ တစ်ခုခုမှားနေသလိုပင်။ သို့သော်မည်သည်က လွဲနေမှန်းနီဆွေး ရှာမရပေ။ ထို့ကြောင့်ဘေးနားတွင် မျက်မှောင်ကြုံလျက်ရှိနေသော ရှန်ဇေ့ဆီသို့ အကြည့်ပို့လိုက်သည်။  သို့သော်ရှန်ဇေက ဘာသိဘာသာပင်။ သူဘာတွေစဥ်းစားနေမှန်း နီဆွေးမသိရ။ ရတယ်လေ ကိုယ့်ဘာသာပဲသိအောင်လုပ်ရမှာပေါ့။ ယောက်ျားကောင်းဆိုတာ ကိုယ့်အားကိုယ်ကိုးတယ်။ ထို့ကြောင့် အနီးရှိ ရှိန်ထံသို့ အကြည့်ရောက်သွားတော့သည်။ အကူအညီလဲ အရန်သင့်ပဲ။
   
     ရှိန် သူ့အား မီးပွင့်မတတ် စိုက်ကြည့်နေသော နီဆွေးကြောင့် မိမိကိုယ်ကို ပြန်စစ်ဆေးကြည့်လိုက်မိသည်။ ငါခန္ဓာကိုယ်တစ်ခုခုထူးဆန်းနေလို့လား။ ဘာမှမတွေ့မိသလိုပဲ။ ထို့ကြောင့် နီဆွေးအကြည့်အား ခဏဘေးဖယ်ကာ မလှမ်းမကမ်းတွင်ရှိနေသော လှေငယ်လေးဆီသို့ အကြည့်ရွေ့လိုက်သည်။

"ကံကောင်းတာက...ဟိုလှေကိုသုံးပြီး ကျွန်တော်တို့ အရှေ့ဘက် မြို့တံခါးကိုသွားလို့ရတယ်လေ....အရင်လူတွေပိတ်မိတယ်ဆိုတာက လှေမရှိလို့ဖြစ်နိုင်တယ်...အစ်ကိုနီတို့လို လမ်းပျောက်ပြီး ဒီရောက်လာဖို့ကလဲ တော်တော်ခက်တာကို...အဲ့လှေနဲ့ပဲသွားတာပေါ့...ကျွန်တော်မြို့ထဲပြန်ရောက်တာနဲ့ ကျေးဇူးဆပ်ပါ့မယ်"

     ရှိန်တစ်ယောက် နီဆွေးတို့နှင့် သဘောတူညီမှုရဖို့ ကြိုးစားနေမိသည်။ သူကပဲကံကောင်းလွန်းတာလားမသိ ဒီလိုသေမင်းတောအုပ်ထဲတွင် လှေတစ်စင်းက အသင့်ရှိနေခဲ့သည်။

     နီဆွေးက ရှိန်စကားကိုကြားသော် မျက်လုံးထဲတွင် အလင်းရောင်များ ပြည့်လာလေသည်။ အမှန်တိုင်းဆိုရသော် နီဆွေးတို့ဒီကျွန်းကို ရောက်လာသည်မှာ ၁နာရီပင်မပြည့်သေးပေ။ ဆိုလိုသည်မှာ လှေဖြင့်ပြန်လည်ထွက်ခွာရန် မစဥ်းစားရသေး။ ၁
ရှိန်မရောက်ခင် ၄၅မိနစ်တိတိ ရှန်ဇေ၏ အကြည့်စူးစူးတို့အား ပြေရာပြေကြောင်း ရှင်းပြနေရလေသည်။ သို့သော် ယခုနီဆွေးထံတွင် အကြံတစ်ခုရှိနေသည်။ ရှိန်စကားအရ ယခုရောက်နေသောသစ်တောသည် မည်သူမျှမလွတ်မြောက်ဖူးသော သစ်တောဖြစ်သည်။ ထိုသို့ဆိုလျှင် ပိတ်မိခဲ့သောသူတို့သည် လွတ်မြောက်ဖို့ရန် လှေများ ပြုလုပ်၍ ထွက်သွားကြရန် မ​တွေးမိကြ၍ ပင်လား။ ထိုသို့​​တော့ မဖစ်နိုင် ထွက်မသွားနိုင်ကြတာလား။ ​လှေ​လုပ်လို့မရတာလား။ ထူးဆန်းသည်။ ထိုအရာအားစုံစမ်းခြင်းကို ကူညီ​ပေးမည့် ​စေတနာ့ဝန်ထမ်းရှိန် ရှိ​နေသည်မှာ... ဘယ်လို​တောင်တိုက်ဆိုင်တာလဲ။

အနှိုင်းမဲ့သခင်[U]Where stories live. Discover now