အပိုင်း(၅)

3 0 0
                                    


ရှိန်၏ လက်တွေ့မှ ထွက်ပြေးခြင်းအမှုသည် သိပ်မကြာလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် နီဆွေးက လက်ဖျောက်တီးကာ ရေစွမ်းအားသုံး၍ ရှိန်၏မျက်နှာပေါ်ကို ရေလောင်းချလိုက်သောကြောင့်ပင်။

"သေပါပြီ...ဘယ်ကောင်ရေလာလောင်းတာလဲ..."

ရှိန်က ရေမွန်းသွားတာကြောင့် အသံကျယ်ကျယ်နှင့် နိုးလာတော့သည်။ သို့သော် သိပ်မကြာလိုက် သတိမမေ့ခင်က အကြောင်းအရာအား ပြန်မှတ်မိသွားလေတော့သည်။ ထိုအခါမှ နည်းနည်းငြိမ်ကျသွားပြီး နီဆွေးကိုကြည့်ကာ ရှန်ဇေနားသို့မသိမသာ တိုးကပ်သွားလေတော့သည်။

နီဆွေးက ရှိန်၏ အပြုအမူကိုကြည့်၍ ရယ်ရမလို ငိုရမလို အိုးတိုးအမ်းတမ်းဖြစ်နေတော့သည်။ နေပါအုံး ငါဘာလုပ်လိုက်မိလို့ ငါ့ကိုရှောင်နေတာလဲ။ မေ့လဲသွားလို့ စေတနာနဲ့ သတိပြန်လည်လာအောင်လဲ လုပ်ပေးရသေးတယ်။

ရှန်ဇေက နီဆွေး၏ အကျင့်တွေကိုနောကျေ နေပြီဖြစ်သောကြောင့် သူ့အနားကပ်လာသော ရှိန်အားရှင်းပြလိုက်သည်။

"နီဆွေးက နည်းနည်းတုံးတော့ အတိုင်းအတာမေ့သွားတယ်...မင်းစိတ်ပူဖို့မလိုပါဘူး...သူ့စွမ်းအားသူကောင်းကောင်းထိန်းနိုင်ပါတယ်"

ထိုအခါမှ ရှိန်က နီဆွေးနားပြန်ကပ်သွားတော့သည်။ လူကိုငကြောက်လို့ လာမထင်နဲ့။ တစ်ဖက်က အဲ့လောက်စွမ်းအားကြီးနေတဲ့ဟာကို မတော်တဆ အသတ်ခံလိုက်ရရင် ဘယ်သူကငါ့အတွက်တရားမျှတမှု ရှာပေးမှာလဲ။

ရှိန်က မူလနေရာပြန်ရောက်သွားသော်လဲ နီးကပ်နေသော နီးဆွေးကိုတစ်ချက်ကြည့်ပြီး ရှန်ဇေအား ပြန်ကြည့်ကာ

"တကယ်လား...သူတစ်ကယ်ထိန်းနိုင်တာမလား"

နီဆွေးက အဲ့လောက်မတုံးပါ။ ရှိန်က ဘာလို့လန့်နေလဲဆိုတာ သိသွားပြီးနောက် ကြိုးစားပမ်းစား ရှင်းပြလာလေသည်။

"ငါတစ်ကယ်ထိန်းနိုင်တာပါ....တစ်ခါမှမတိုက်ခိုက်ဖူးသေးဘူးဆိုပေမဲ့... ပျံသန်းခြင်းမှော် တို့လို အသေးစားစွမ်းအားလေးတွေတောင် လွယ်လွယ်လေးသုံးနိုင်တယ်လေ...တစ်ကယ် ရှန်ဇေသိတယ်....ငါ့စွမ်းအားက ထိန်းချုပ်မှု မလွတ်ဖူးဘူး"

You've reached the end of published parts.

⏰ Last updated: Nov 19, 2022 ⏰

Add this story to your Library to get notified about new parts!

အနှိုင်းမဲ့သခင်[U]Where stories live. Discover now