အပိုင်း(၂)

2 0 0
                                    

(၂)လခန့်အကြာ
 
       ရှင်းလီပင်လယ်ပြင်၏ တောင်ဘက်စူးစူး၌ အလွန်ကြွယ်ဝသော တိုက်ပြည်တစ်ခုရှိသည်။ ထိုတိုင်းပြည်ကား ဇီရွေ့တိုင်းပြည်ပင်ဖြစ်သည်။ ဇီရွေ့တိုင်းပြည်သည် ရှင်းလီပင်လယ်တောင်ဘက်ပိုင်းတွင်အချမ်းသာဆုံးတိုင်းပြည် တစ်ခုဖြစ်ပြီး အစည်ကားဆုံး စီးပွားရေးမြို့တော်(တော်ဝင်မြို့တော်)
တည်ရှိရာလဲဖြစ်သည်။ ဇီရွေ့တိုင်းသူပြည်သားများသာမက ရှင်းလီပင်လယ်ပြင်ရှိ နိုင်ငံအများစု၏ပြည်သူများပါ လာရောက်ကုန်သွယ်ရောင်းဝယ်ရသည်အထိ စီးပွားရေးအခွင့်အလမ်းကောင်းလေသည်။ ထို့ကြောင့်ဇီရွေ့တိုင်းပြည်၏ တော်ဝင်မြို့တော်သည် နေ့စဥ်လူများရှုပ်ပွေလျက်။
          
        ဇီရွေ့တိုင်းပြည် တော်ဝင်မြို့တော်ရှိ စားသောက်ဆိုင်တစ်ခုတွင် လူငယ်လေးတစ်ယောက်ရှိနေလေသည်။ ထူးဆန်းသည်မှာ ထိုလူငယ်သည် မျက်နှာအပြည့်ဖုံးသည့် ငွေမျက်နှာဖုံးကိုဝတ်ဆင်ထားပြီး စားသောက်သည့်အချိန်တွင်ပင် ထိုမျက်နှာဖုံးအားမချွတ်ခြင်းပင်။ အဝတ်အစားများမှာလဲ ဟောင်းနွမ်းနေပြီး အရောင်လွင့်လျက်။ နှီးခမောက်တစ်ခုကိုဆောင်ကာ ဓါးအိမ်စုတ်နေသည့် ဓါးတစ်ချောင်းကိုလဲကိုင်ထားလေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူဆင်းရဲအသွင်ဆောင်နေတော့သည်။

       ဆိုင်ဝန်ထမ်းကောင်မလေးတစ်ယောက်က စိတ်မရှည်စွာ ထိုကောင်လေးစားပွဲနားသို့လာ၍

"သခင်လေး...ဒီမှာထိုင်နေတာတော်တော်လေးကြာနေပါပြီ အခြားစားသုံးသူတွေရှိသေးတာမို့ အနှောက်အယှက်မဖြစ်စေချင်ပါဘူး"

      
        ထိုကောင်မလေးသည် သခင်လေးလို့ခေါ်လိုက်သည့်ကောင်လေးအား အကြည့်နှင့်ပင်အဆင့်အတန်းမှန်းဆနိုင်သော်လဲ သခင်လေးဟုသာခေါ်ဝေါ်ခဲ့သည်။ ဆိုင်သို့လာရောက်စားသုံးသူတိုင်းအား ထိုသို့ခေါ်ဆိုရမည်မှာဆိုင်၏ စည်းကမ်းဖြစ်နေသောကြောင့်ပေ။
      
         ကောင်မလေး၏စိတ်ထဲတွင်တော့ ဆင်းရဲလွန်း၍ ပိုက်ဆံမပေးနိုင်တာကြောင် ဟန်ဆောင်အချိန်ဖြုန်းနေတယ်လို့သာမြင်လေသည်။ ဆက်ထိုင်တေလဲ ငွေပြားများကလေထဲမှကျလာမည် မဟုတ်ပေ။ မြန်မြန်စာရင်းရှင်းတာက ပိုအဆင်ပြေလေသည်။

အနှိုင်းမဲ့သခင်[U]Where stories live. Discover now