အပိုင်း(၁)

8 0 0
                                    

ရှင်းလီပင်လယ်ပြင်သည်ပုံမှန်နှင့်မတူ အလွန်တည်ငြိမ်လျက်ရှိသည်။ထိုပင်လယ်ကား အစဥ်လှိုင်းထန်နေလေ့ရှိသော်ငြား ယနေ့တွင်တော့ လေကြမ်းအစားလေပြေများပင်  ၀ေ့၀ဲတိုက်ခတ်လျက်။
   
       အကြောင်းကား မကြာသေးမှီကပင်ပြင်းထန်စွာတိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့်ပင်။ကျယ်ပြန့်သော ရှင်းလီပင်လယ်၏အနောက်မြောက်စူးစူး၌ လူသူကင်းပါးသည့်ကျွန်းလေးတစ်ကျွန်းရှိလေသည်။ထိုကျွန်း၏သောင်စပ်တစ်​နေရာတွင် လူငယ်လေးနှစ်ယောက်တည်းရှိနေခဲ့သည်။
   
      တစ်ဦးမှာအိပ်ပျော်နေလျက်ရှိပြီး နောက်တစ်ဦးမှာ ကမ်းစပ်တွင်သောင်တင်နေသည့်လှေအစုတ်လေးအားပြုပြင်နေသည်။ပြင်နေရင်နှင့်လည်းအိပ်ပျော်နေဟန်ရသောကောင်လေးဆီသို့မကြာခဏလှမ်းကြည့်တတ်သေးသည်။

"သူဘာလို့အခုထိမနိုးသေးတာလဲ။လှိုင်းဒဏ်ကြောင့်မူးပြီးသတိမေ့သွားမှာတော့မဟုတ်လောက်ပါဘူးနော်"

     ရှန်ဇေ တီးတိုးရွတ်၍ သတိမေ့နေသူ နီဆွေးထံသို့ထသွားလိုက်သည်။နီဆွေးယခုကဲ့သို့သတိမေ့နေသည်မှာနှစ်ရက်ခန့်ရှိနေလေပြီ။
    
       မကြာမီ သေလူပမာအိပ်ပျော်နေခဲ့သောနီဆွေးတစ်ယောက်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်နိုးလာသည်။နီဆွေးပထမဆုံးမြင်ရတာကတော့ အလွန်တောက်ပနေသည့် ကောင်းကင်ပြာကြီးပင်။

       ဘယ်လိုတောင်လှပတဲ့ကောင်းကင်ကြီးလဲ။အဖြူရောင်တိမ်စိုင်လေးတွေ လွင့်မျောနေလိုက်တာ။ဘယ်လိုတောင်လှပတဲ့သဘာ၀တရား။နေပါအုံး။နေပါအုံး။ငါမနေ့ညကလှိုင်းမိခဲ့တာလေ။မဟုတ်မှလွဲရော ဒါကကောင်းကင်ဘုံများလား။

"အိမ်မက်ကနေနိုးထတော့။သေချာပေါက်ဒါကကောင်းကင်ဘုံမဟုတ်ဘူး"
   
      နီဆွေးအသံလာရာသို့လှည့်ကြည့်လိုက်သည်။ရှန်ဇေကသူနှင့်မနီးမဝေးတွင်ရပ်၍စကားပြောနေသည်။
အပေါ်၀တ်ရုံလည်းမ၀တ်ထားတာကြောင့် ၁၄နှစ်အရွယ်နှင့်မလိုက်သည့် ကိုယ်လုံးကိုယ်ပေါက်အား
အတိုင်းသားမြင်နေရသည်။ရှန်ဇေက အနီးနားရှိသစ်သားအချို့ကိုကောက်၍ နီဆွေးကိုဆက်ပြောလာသည်။

အနှိုင်းမဲ့သခင်[U]Where stories live. Discover now