9 နာရီထိုးကျောင်းတက်မှာဆိုပေမဲ့ 8 နာရီ 45ထိ Hyunsuk ရောက်မလာ
မနေ့ညနေက သူလာခဲ့မယ်သေချာပြောသွားပါတယ်ပိုသေချာအောင် Hyunsuk အိမ်ဘက်ကို ထွက်လာလိုက်သည်
အိမ်တံခါးကို အတွင်းကပိတ်ထားတာမို့ တစ်ယောက်ယောက်ရှိမှာပါလို့ တွေးပီး တံခါးခေါက်လိုက်၏
သို့သော် ဘယ်သူမှလာမဖွင့်
မကြားလို့ထင်တယ် !နောက်တစ်ခါ ထပ်ခေါက်တော့လဲမကြား!
တစ်ခုခုများဖြစ်နေတာများလား စိုးရိမ်စိတ်နဲ့ ဆက်တိုက်ခေါက်လိုက်တော့ အထဲကနေ အိပ်ချင်မူးတူးနဲ့ Choi Hyunsuk တစ်ယောက်ထွက်လာသည်"Ya မင်းခုမှနိုးတာလား ကျောင်းမသွားဘူးလား?"
"ဘယ်ချိန်ရှိသေးလို့လဲ "
"၈နာရီ ၅၀"
"ဘာ!!!"Hyunsukဘာမှမပြောနိုင်တော့ဘဲ အခန်းထဲပြေးပါတော့သည် Jihoonသူ့အခန်းထဲဝင်သွားတော့ ကပျာကယာ တဘက်ယူပီးထွက်လာတဲ့ Hyunsukနဲ့ဝင်တိုးသည်
"ငါမျက်နှာသစ်လိုက်အုံးမယ်" ဟုဆိုရင်း ရေချိုးခန်းထဲ sonic လို့ဝင်သွားသည်
Jihoonလဲ Hyunsukအခန်းထဲဝင်ပီး uniformတစ်စုံထုတ်ထားပေးလိုက်၏...
စာအုပ်လဲ ထည့်ရသေးတဲ့ ပုံမပေါ်တာမို့ စာအုပ်တွေ အချိန်စာရင်းအတိုင်းစီထည့်ပေးလိုက်သည်.. Jihoonလဲ အမေကြီးကျလို့
ထိုအချိန် Hyunsukရောက်လာပီး အဝတ်အစားလဲနေသည်..ငယ်ငယ်ကတည်းက တူတူကြီးလာသူတွေမို့ အထူးတလည် ရှက်နေစရာမလိုပါ
"မနေ့က ommaကော appaပါပြန်မလာဘူးကွာ Taehunieက အချိန်ပိုရှိလို့ဆိုပီး အစောကြီးသွားတာ ငါ့နှိုးမသွားဘူး ငါလဲ အိပ်ကောင်းကောင်းနဲ့ အိပ်ပျော်သွားတာ"
"ထင်တယ် အဲ့တာကြောင့်လာခေါ်ကြည့်တာ လွယ်အိတ်ယူသွားပီ ပီးတာနဲ့ဆင်းခဲ့လိုက်"
"Ok"Hyunsuk ဆင်းမလာမီးဖိုချောင်ထဲဝင်ကာ ပေါက်မုန့်နှစ်ချပ်ယူပီး strawberry jam သုတ်ထားပေးလိုက်၏
လက်က ကိုင်ထားပီး အပြေးအလွှားဆက်လာသူ ပါးစပ်ထဲ ထည့်ပေးတော့ ကျေးဇူးတင်စကားကို လုံးထွေးစွာပြော၏
"သွားမယ်လာ"
Jihoonတို့ထွက်လာတာ ၉နာရီ အတိဖြစ်နေပီမို့ သေချာပေါက် နောက်ကျပါသည်

YOU ARE READING
Justfriend
FanfictionMy 4th sukhoon fiction ♡ We're just friends, What are you saying?