"ya မင်းနိုးကောနိုးပီလား?"
"နိုးလို့ထမင်းတောင်စားပီးပီလေ"Hyunsuk က Jihoon ကိုမျက်စောင်းထို့ကာပြောရင်း စာပြန်ကျက်နေသည်.. Jihoon ပြောလဲပြောချင်စရာပါပဲ Hyunsuk စာကျက်နေသည်က အိပ်နေသည်နှင့်ပိုတူသည်... အရိုးမရှိသလိုမျိုး ခန္ဓာကိုယ်ကို စားပွဲကိုမှီကာ စာအုပ်ကို ရှေ့ချထားပီးလက်က မထိပါပဲစာကျက်နေ၏...
တစ်ဖြည်းဖြည်း ကြည့်နေပါရင်း Hyunsuk မျက်လုံးတွေ စဉ်းကျလာသည်ကို သတိထားမိပါ၏.. Jihoon စာတစ်ပုဒ်တွက်ပီးလို့မော့ကြည့်ချိန်မှာတော့ Hyunsuk တစ်ယောက်ကအိမ်မက်ကမ္ဘာထဲ အလည်ရောက်လို့ပီ
စင်းကျနေတဲ့ မျက်တောင်စိတ်စိတ်တွေ ... နှဖူးပြင်ထက်မှာ ရိပ်ရိပ်ကလေး ဝဲကျနေတဲ့ အနက်ရောင် ဆံနွယ်တွေ ..ဆူထွက်နေတဲ့ နှုတ်ခမ်းလေး.. လူသားငယ်ဟု အသည်းယားဖွယ်အတိ...
ပတ်ဝန်းကျင်ကိုကြည့်မိတော့ ဘယ်သူမှ မရှိတာဘူး။ jaehyuk တိုနဲ့လည်း ဝေးသည့်နေရာတွင်ရှိနေ၏.. အဲ့တာကြောင့် Jihoon အမှားတစ်ခုကို စိတ်လိုလက်ရ ကျူးလွန်မိပါ၏...
မျက်နှာချင်းဆိုင်ရှိ Hyunsuk နှဖူးပြင်ထက်ကို အနမ်းဖွဖွခြွေလိုက်သည်။ ခြွေချလိုက်သည့်အနမ်းတစ်ပွင့်ကြောင့်လားတော့မသိ.. လူသားငယ်မျက်ဝန်းများ ပွင့်ဟလာသည်..
"Jihoona ဘာလုပ်တာလဲ"
မေးရင်း အကြောဆန့်နေသူလေး... အမှန်ပြောရမည်လား ..မုသားဆိုရမည်လား? Jihoon ကိုယ်တိုင်လဲ ဘာပြန်ပြောရမည်မသိတော့ပါဘူး..
ဆုပ်လဲစူး စားလဲရူးအခြေအနေမို့ Jihoon မှန်ရာကိုသာပြောရန်ဆုံးဖြတ်မိသည်
"နမ်းလိုက်တာ"အကြည့်ချင်းဆုံသွားသည့်အခိုက်အတန့်...
ပြောမိတာမှားပီလားဟူသောအတွေးများသာ ယောက်ယက်ခတ်နေ၏.. Jihoon နှင့်မတူညီစွာပင် ကောင်ငယ်လေးကတော့ တည်ငြိမ်လျှက်အကြည့်ကိုအရင်လွှဲသွားပီး ခေါင်းငုံကာ စာကျက်နေပြန်၏...
"မင်းဘာမှ မပြောဘူးလား"
"ဘာပြောရမလဲ"
"ငါမင်းကိုနမ်းတာနဲ့ပတ်သတ်ပီး ရန်ဖြစ်သင့်ရင်ရန်ဖြစ် ဆွဲထိုးသင့်ရင် ဆွဲထိုးလေ"
"ဘာလို့အဲ့လိုလုပ်ရမှာလဲ? ငါတို့က သူငယ်ချင်းတွေလေ"

YOU ARE READING
Justfriend
FanfictionMy 4th sukhoon fiction ♡ We're just friends, What are you saying?