ပြတင်းပေါက်စီမှာ အေးမြတဲ့ လေညင်းဟာ တသုန်သုန်တိုက်ခတ်နေသည်... Choi Hyunsuk တစ်ယောက်လဲ စားပွဲခုံမှာ ထိုင်ရင်း လက်မောင်းကို ခေါင်းအုံး လုပ်ကာ ပညာရှိပီပီ အတွေးနက် စဉ်းစားတွေးခေါ်လျက်ရှိသည်
I hate Monday ဟူသော အသံနှင့် အတူ နိုးထခဲ့ပီး Jihoon ဆွဲခေါ်မှုကြောင့် Hyunsuk ကျောင်းက သူ့ခုံပေါ်ရောက်ရှိလာ၏.....
မနေ့က တနင်္ဂနွေနေ့ဟာ ဘယ်လိုများ ကုန်ဆုံးသွားသည်စဉ်းစားမရ...
အမြဲ စနေနဲ့ တနင်္ဂနွေပဲရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ!
"Ya Hyunsuka...အိပ်ရေးမဝဘူးလား?"
""အင်းးး"အသံရှည်ဆွဲကာ ဘေးခုံက Jihoon. ကို ပြန်ဖြေလိုက်သည်
"ညက ဘယ်ချိန်အိပ်လဲ?"
နှုတ်က ပြန်မဖြေပဲ အားနေတဲ့ လက်တစ်ဖက်နှင့် လက်၂ချောင်းထောင်ပြလိုက်သည် တစ်ဖက်က ခေါင်းအုံးထားတော့ မအားဘူးလေ
"ဘာတွေလုပ်နေလို့လဲ?"
"ညက Lego ဆက်လက်စလေးထိုင်ဆက်နေတာ"
"မင်း အမေကြီး Lego ကိုအဲ့ချိန်ထိ ဆက်နေမှတော့ ဒီလိုဖြစ်နေပီပေါ့!!"ခြေထောက်တစ်ချောင်းကို ထုတ်ပီး Jihoon ကို လှမ်းကန်လိုက်ရင်း
"Ya ပါးစပ်ပိတ်...ငါ့ရဲ့ အဖိုးတန် တွေးခေါ်စဉ်းစားချိန်လေးကို မဖျက်စီးနဲ့"
"ထတော့ ဆရာဝင်လာပီ"မျက်စောင်းထိုးရင် မထချင်ထချင်နှင့် ထကာ ဆရာကို နှုတ်ဆက်လိုက်သည်
ပြန်ထိုင်ကာ social studies စာအုပ်ကို ဖွင့်ပီး ထိုင်ကြည့်နေပေမဲ့ တဖြည်းဖြည်း ခေါင်းက လျှောကြလာသည်..
ရုတ်တရက် ဘာကိုမှ မသိဖြစ်ဖြစ်သွားသည်က တစ်ဒုက္ခ... အဲ့ေတာ့လဲ မတတ်နိုင်တဲ့ အဆုံး ကိုယ်လဲ စားပွဲပေါ် တံတောင်လေးထောက် နဖူးပေါ်လက်တင်ပီး ခေါင်းငုံထားကာ စောင်းပီး အိမ်မက် ကမ္ဘာသို့ အလည်ထွက်လိုက်သည်..
။
။
။
"Park Jihoon...Choi Hyunsuk ကိုနှိုးလိုက်"စောနတည်းက ဆရာကြည့်ေနလို့ လက်နဲ့ လှုပ်နိုးတာလည်းမရ ...ခြေထောက်ကန်တော့လဲ မထူးခြား...ဘောပင်နဲ့ထိုးနေတာတောင် မနိုးဘူး..ရုပ်သေ ရုပ်ရှင်ကစားရင်းရုပ်သေကျနေသလို ပုံစံတစ်မျိုးတည်းနဲ့ ကာလ နဂါးလုပ်လို့နေသည်...အဲ့တော့မိပီပေါ့...

YOU ARE READING
Justfriend
Fiksyen PeminatMy 4th sukhoon fiction ♡ We're just friends, What are you saying?