စနေ နေ့ဖြစ်တာ ကြောင့် Yedam အိမ်မှာ Jihoon နဲ့ Hyunsuk နှစ်ယောက်သားကျောက်ချနေသည်...
မနေ့က ပျက်ထားတာကြောင့် Yedam ကိုပါ စာတွေကူ ကူခိုင်းနေ၏.. Yoshi Hyung မရှိတုန်းလေးခိုင်းရတာ..
Yoshinoriဆိုတဲ့လူကြီးနဲ့ သူတို့ သူငယ်ချင်းလေးက မိဘတွေစီမှာ ခွင့်တောင်းပီး officialတွဲနေကြတာ
ကောင်းပါတယ် အတွဲတွေပဲ..
"Hyunsuk နဲ့ Jihoonရောက်ေနကြတာပဲ"
"Nae Hyung"အနားရောက်လာတဲ့ yoshi Hyung ကို အပြံုးေလးနဲ့ တက်ကြွစွာဖြေလိုက်ကြသည်
"မင်းတို့ပျောက်နေတယ်...ထမင်းစားနားချိန်ဖြစ်ဖြစ် ငါ့စီလာ လည်ကြပါအုံး"
"ဘာလို့လာလည်ရမှာလဲ Hyung ကလည်း!"
"အေးလေ လာလည်စရာလား?"Yoshi Hyung နဲ့ Yedam ကတော့ အရမ်း sensitive ဖြစ်နေတဲ့ သူတို့နှစ်ယောက် ရဲ့ reaction ကို ရယ်လို့သာနေ၏
သူတို့လုပ်တာလဲ အမှားလား?
Yoshi Hyung က ကျောင်းဆေးခန်းက ဆရာဝန်ကို"အင်း စာလုပ်နေကြတာဆိုလုပ်ကြလေ.. Hyung ..damရဲ့ မေမေတို့စီခန သွားလိုက်အုံးမယ်"
"အမယ် ယောက္ခမကြီးစီ မျက်နှာသွားပြမယ်ပေါ့လေ""အာာ~~ Park Jihoon!"
Jihoonကို ခရမ်းချဉ်သီးလုံးလေး Yedamက ပေါက်ကေါ်တင်ထားတဲ့ခေါင်းအုံးနဲ့ပေါက်လိုက်၏
ပီးတော့ yoshiနဲ့တူတူ အခန်းထဲက ထွက်သွားသည်
"အော် အတွဲတွေများနော်"
Jihoonစကားပြောနေပေမဲ့ Hyunsukအတွေးတွေက ပြတင်းပေါက်စီမှာသာ
"ဘာတွေကြည့်နေတာလဲ?"
"ဟိုမှာလေ .. ထောပတ်သီးပင် စားချင်တယ်"
"ခူးစားမလား?"Hyunsuk တစ်ယောက်ခေါင်းကို ငါးချက်လောက်ဆင့်ငြိမ့်ပြတော့ Jihoonက ရယ်သည်
"လာ.."
ဆိုပီး အပြင်ကိုထွက်ခဲ့လိုက်၏ ...ခြံထဲက ထောပတ်သီးပင်စီရောက်တော့... Hyunsukက
"မင်းတက်မှာလား?"
"Choi Hyunsuk ငါ အပင် မတက်တတ်တာ သိသားနဲ့"
"မင်းပဲ ခူးမယ်မလားမေးတော့ တက်တတ်မယ်ထင်တာပေါ့လို့"Hyunsukကို Jihoon က ခြေထောက်နဲ့ လှမ်းကန်ရင်း
"မင်း ငါမတက်တတ်တာ မသိဘူးလား?"
"တော် ငါ့ဘာသာငါတက်မယ် ပီးရင် မင်းကိုမကျွေးဘူး"
"Ya..Choi Hyunsuk အကျင့်မပုတ်နဲ့ "
"ပုတ်တယ် ဘာဖြစ်လဲ"
YOU ARE READING
Justfriend
FanfictionMy 4th sukhoon fiction ♡ We're just friends, What are you saying?