ဒေါက်*နဖူးပေါ်လာမှန်တဲ့ Duster အတူ ဆရာမယွန်းရဲ့ အသံဟာ စူးခနဲထွက်ပေါ်လာသည်...
"Park Jihoon နဲ့ Choi Hyunsuk မင်းတို့ စကားများမှာဆို အပြင်ထွက်"
"ဟုတ်ကဲ့"Jihoon က နဖူးကို ပွတ်ရင်း.. Hyunsuk ဘက်စောင်းနေတဲ့ ကိုယ်ကို ပြန် တည့်လိုက်သည်..
"သွားရအောင်လာ"
မျက်လုံးအပြူးသားနဲ့ Hyunsuk ဟာ Jihoon ကို အူကြောင်ေကြာင့်ဖြင့်မော့ကြည့်၏..
Jihoon ဆရာမ ယွန်းနဲ့ အကြောမတည့်မှန်းသိပေမဲ့ ဒီလောက်ရဲမယ်ထင်မထားမိ
"မင်းမလိုက်ဘူးလား? "
Hyunsuk က အူကြောင်ကြာင်သာပြန်ကြည့်နေမိ၏
"မလိုက်နေခဲ့ကွာ"ဘောင်းဘီ အိတ်ထဲ လက်ထည့်ကာ Jihoon ထွက်သွားတာမို့ Hyunsuk လဲအမြန်လိုက်ထွက်သွားလိုက်သည်...ဆရာမယွန်းကတော့ ဒေါပွလို့သာ
"Jihoona ဘာလို့ အဲါလိုလုပ်တာလဲ ဆရာမနဲ့ပြဿနာဖြစ်တာ မကောင်းဘူးလေကွာ "
"သိတယ်လေ"
"အဲ့တာဆို.."
"ထားလိုက်...ငါ basketball ကွင်းထဲသွားလိုက်အုံးမယ်"Jihoon ကစကားပြောရင်း လမ်းလျှောက်ထွက်သွားသည်မို့
"Ya ခနစောင့်အုံး Park Jihoon ရ"
ဟုအော်ရင်းသာ ပြေးလိုက်သွားလိုက်သည်...
.
.
.*ဒုန်းဒုန်းဒုန်း
တဒုန်းဒုန်ထွက်ပေါ်နေသော Park Jihoon ၏ basketball ပုတ်သံ...
"နားညီးတယ်ကွာ...ဘောလုံသွားကန်ရအောင်လို့"
"မကန်ချင်ပါဘူး ငါမှ ဝါသနာမပါတာ"
"Park Jihoon မင်းဟာလေ ငါ့လုပ်ချင်တာ ဆိုဘယ်တော့မှ လိုက်လုပ်မပေးဘူး "
"မင်းကပဲပြောရတယ်ရှိသေးတယ်"ဆိုရင်း Hyunsuk စကားကိုနားမထောင်ပဲ ဆက်ပီး basketball သာပုတ်နေသည်....
"Ya ငါပြောနေတယ်ကွာ ဘောလုံးသွားကစားရအောင်လို့"
ကျစ်*
Jihoon က တစ်ချက်စုတ်သပ်ရင်း"နေပူတယ်ကွ!!"
"မပူပါဘူး နော်လို့"တကယ်တမ်းပြောရရင် နေ့ခင်း၂နာရီရဲ့နေဟာ ကျဲကျဲတောက်ပူနေသည်...
"မသွားချင်ဘူး"
"Jihoona သွားရအောင်ပါကွာ နော်လို့"Hyunsuk တစ်ယောက် Jihoon ကိုပွစိပွစိထိုင်ပြောနေပေမဲ့ Jihoon ကတော့ ဘောလုံး ခြင်းတောင်းထဲပစ်ထည့်နေမြဲသာ
YOU ARE READING
Justfriend
أدب الهواةMy 4th sukhoon fiction ♡ We're just friends, What are you saying?