လူမိသွားတဲ့အာသာဖြေခြင်း

18.6K 193 4
                                    

ကျွန်တော်ရန်ကုန်မြို့ကြီးကိုရောက်လာတာတစ်နှစ်နဲ့နှစ်လပြည့်သွားပြီ။ ပြီးတော့ဒီနေ့ကကျွန်တော်လူပျိုဘ၀ကိုဆုံးရှုံးခဲ့တာတစ်နှစ်ပြည့်တဲ့နေ့ပါ။ ကျွန်တော်ကယောက်ျားလေးဆိုပေမယ့်‌လိင်ပိုင်းဆိုင်ရာအရမိန်းကလေးတွေကိုစိတ်၀င်စားတဲ့ straight တစ်ယောက်မဟုတ်ဘူး။ လိင်တူဖြစ်တဲ့ယောက်ျားလေးတွေကိုပဲစိတ်၀င်စားတတ်တဲ့ gay တစ်ယောက်ပါ။

ဇာတိနယ်မြို့လေးမှာနေခဲ့ကတည်းကကျွန်တော်မိန်းကလေးတွေကိုစိတ်မ၀င်စားဘဲယောက်ျားလေးတွေကိုစိတ်၀င်စားတယ်ဆိုတာကို
သိခဲ့တာပါ။ ဒါပေမယ့်နယ်မြို့လေးဖြစ်တာရယ်၊ အသက်အရွယ်ငယ်သေးတာရယ်ကြောင့်ယောက်ျားလေးချင်းလိင်ပိုင်းဆိုင်ရာအတွေ့အကြုံမရှိခဲ့ပါဘူး။

လွန်ခဲ့သောတစ်နှစ်နဲ့နှစ်လ။ ကျွန်တော်အသက်(၂၁)နှစ်ပြည့်ပြီးမကြာခင်မှာဘဲအလုပ်လုပ်ဖို့အတွက်ရန်ကုန်မြို့ကိုတက်လာခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့အကောင်းဆုံးလို့ပြောလို့ရတဲ့အမျိုးသားအဆောင်အသစ်မှာကျွန်တော်နေခဲ့တယ်။ စစရောက်ချင်းပထမတစ်လကတော့အခန်းဖော်မရှိသေးလို့နှစ်ယောက်ခန်းမှာကျွန်တော်တစ်ယောက်တည်းနေခဲ့တယ်။ ဒုတိယလမှာတော့ကျွန်တော့်ထက်အသက်(၅)နှစ်ကြီးတဲ့ရုပ်‌ချောချော၊ဗလတောင့်တောင့်၊အသားဖြူဖြူ၊အရပ်ရှည်ရှည်အစ်ကိုကြီးတစ်ယောက်ကျွန်တော့်အခန်းကိုပြောင်းလာပါတယ်။

ကျွန်တော်ကစကားနည်းတဲ့သူ၊တစ်ယောက်တည်းနေတတ်တဲ့သူဆိုပေမယ့်အခန်းဖော်အစ်ကိုကြီးကအသက်လည်းကြီး၊ဖော်လည်းဖော်ရွေတာကြောင့်သူရောက်ပြီးနှစ်ပတ်လောက်နေတော့သူနဲ့ကျွန်တော်တော်တော်ရင်းနှီးနေပါပြီ။ ထမင်းစားရင်အတူတူသွားစားတယ်။ ညဘက်တွေမအိပ်ခင်စကားစမြည်ပြောကြတယ်။ ပိတ်ရက်တွေအပြင်အတူတူသွားကြတယ်ပေါ့။

အဲ့လိုနဲ့တစ်ညတော့အခန်းဖော်အစ်ကိုကြီးကအလုပ်ကပြန်လာတာတော်တော်နောက်ကျနေတယ်။ ည(၉)နာရီလောက်တောင်ရှိနေပြီ။ ပုံမှန်ဆို(၅)နာရီခွဲလောက်ဆိုပြန်ရောက်နေကျ။ ကျွန်တော်လည်းသူကိစ္စရှိလို့အပြင်မှာအိပ်တာထင်တယ်ဆိုပြီးဖုန်းမဆက်ကြည့်လိုက်တော့ဘူး။ (၉)နာရီ(၁၅)မိနစ်လောက်ကျတော့မီးကရုတ်တရက်ပျက်သွားတယ်။ မီးကလည်းပျက်၊ အခန်းထဲမှာလဲတစ်ယောက်တည်းဆိုတော့ရန်ကုန်ရောက်ပြီးတည်းကအာသာမဖြေရသေးတဲ့ကျွန်တော်လိင်စိတ်တွေထကြွလာတယ်။

အခန်းဖော်အစ်ကိုကြီး (21+)Место, где живут истории. Откройте их для себя