သောကြာနေ့ည

7.8K 96 5
                                    

နောက်နေ့ကျတော့ကျွန်တော်လည်းရုံးပြန်တက်၊ အခန်းဖော်အစ်ကိုကြီးလည်းအလုပ်ပြန်ဆင်း၊ နယ်ပြန်သွားတဲ့အဆောင်သားတွေလည်းပြန်ရောက်လာပြီး အားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် အခန်းဖော်အစ်ကိုကြီးနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကတော့အရင်လိုအခန်းဖော်အဆင့်မဟုတ်တော့ဘူးပေါ့။ Partner တွေဖြစ်လာခဲ့ပြီလေ။

အဲ့တစ်ကြိမ်ပြီးတော့တစ်ပတ်လောက်ထိကျွန်တော်တို့ဘာမှထပ်မဖြစ်ကြတော့ဘူး။ ဒါပေမယ့်အခန်းဖော်အစ်ကိုကြီးကကျွန်တော့်အပေါ်အရင်ကထက်ပိုပြီး ဂရုစိုက်လာတယ်၊ နွေးထွေးလာတယ်။ ညနေအလုပ်ပြန်လာရင်မုန့်၀ယ်လာတာမျိုး။ မနက်ဆိုသူကစောစောထတော့ အိပ်ယာမနိုးလို့ရုံးနောက်ကျတတ်တဲ့ကျွန်တော့်ကိုနှိုးပေးတာမျိုး။

အဲ့လိုနဲ့တစ်ပတ်ကျော်ကျော်ကြာတော့ လစာထုတ်ရက်ကိုရောက်လာခဲ့တယ်။ လစာထုတ်ရက်ကသောကြာနေ့ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင်အဲ့နေ့ကအခန်းဖော်အစ်ကိုကြီးလည်းလစာထုတ်တယ်။ အဲ့နေ့ညနေကလည်းထုံးစံအတိုင်းကျွန်တော်ကပဲအရင်ပြန်ရောက်နေတာပေါ့။ ကျွန်တော်ပြန်ရောက်ပြီးသိပ်မကြာဘူး။ အခန်းဖော်အစ်ကိုကြီးကဖုန်းဆက်လာတယ်။

"ဟယ်လို အစ်ကို"

"ညီလေး...ဒီညနေအားတယ်မလား"

"အားတယ်အစ်ကို"

"ရေမိုးချိုးပြီးစောင့်နေနော်...အစ်ကိုပြန်ရောက်ရင်အပြင်သွားကြမယ်"

ကျွန်တော်ပျော်သွားမိတယ်ထင်တယ်။ ဘာလို့လဲမသိပေမယ့်အခန်းဖော်အစ်ကိုနဲ့အိပ်ယာပေါ်မှာအတူနေရမှမဟုတ်ဘူး။ ဒီတိုင်းလမ်းထိပ်ကိုအတူတူဈေးထွက်၀ယ်တာပဲဖြစ်ဖြစ်၊ အတူလှည်းတန်းမှာမုန့်သွားစားတာပဲဖြစ်ဖြစ်၊ အတူရှိနေရရင်ကိုကျွန်တော်ပျော်နေမိတာ။

ဖုန်းချပြီးပြီးချင်းကျွန်တော်ရေချိုးတယ်။ ပြီးတော့ပြင်ဆင်ပြီးစောင့်နေလိုက်တယ်။ ကျွန်တော်ပြင်ဆင်ပြီးသိပ်မကြာပါဘူး။ အခန်းဖော်အစ်ကိုကြီးကပြန်ရောက်လာတယ်။ ဒါပေမယ့်အဲ့နေ့ကသူပြန်ရောက်တာနည်းနည်းနောက်ကျတယ်။ ၆ နာရီထိုးခါနီးနေပြီ။

အခန်းဖော်အစ်ကိုကြီး (21+)Tempat cerita menjadi hidup. Temukan sekarang