အဝေးပြေးကား

5.4K 79 6
                                    

အခန်းဖော်အစ်ကိုကြီးနဲ့အတူ ဟိုတယ်ကအဲ့အချိန်တွေကိုနောက်နှစ်တွေတော်တော်ကြာတဲ့အထိ ကျွန်တော်မှတ်မိနေဦးမယ်ထင်တယ်။

ဟိုတယ်မှာအတူအိပ်ပြီးနောက်ပိုင်းရက်တွေ ကျွန်တော် အခန်းဖော်အစ်ကိုကြီးနဲ့သိပ်မတွေ့ဖြစ်ဘူး။ သူလည်းအလုပ်ရှုပ်၊ ကျွန်တော်လည်းအလုပ်မအားနဲ့ ညဘက်တွေတောင် စကားစမြည်ထိုင်မပြောဖြစ်တာ (၂)လနီးပါးကြာသွားခဲ့တယ်။ ညနေဘက်ထမင်းအတူသွားစားတာလောက်ပဲလုပ်ဖြစ်ကြတယ်။

အဲ့လိုနဲ့ဒီဇင်ဘာရုံးပိတ်ရက်ကိုရောက်ခါနီးလာတာပေါ့။ တစ်နေ့တော့ညနေဘက် ထမင်းအတူတူစားနေရင်းသူကပြောလာတယ်။

"ဒီနှစ် ဒီဇင်ဘာက (၅)ရက်ဆက်တိုက်ပိတ်တယ်နော်"

"ဟုတ်"
ကျွန်တော်ထမင်းစားနေရင်းပြန်ဖြေလိုက်တယ်။

"အစ်ကိုတို့အတူ ပြင်ဦးလွင်သွားကြမလား"

ကျွန်တော်ကြိတ်ပြီးပျော်မိသွားတယ်။ အတူခရီးသွားမယ်လို့သူပြောလိုက်တာနဲ့ ကျွန်တော်နဲ့သူဟိုတယ်မှာအိပ်ခဲ့ဖူးတာကိုသတိရပြီး ထပ်ပြီးအဲ့လိုအိပ်ရဦးမယ်ဆိုတဲ့အတွေးနဲ့ပေါ့။

ဒါပေမယ့်ကျွန်တော်ချက်ချင်းအဖြေမပေးသေးဘဲနည်းနည်းဝေ့လိုက်တယ်။

"အစ်ကိုကအိမ်မပြန်တော့ဘူးလား"

"အစ်ကို့မိဘတွေကနယ်ကအိမ်မှာရှိမှာမဟုတ်ဘူး။ ဘုရားဖူးသွားကြမှာ။ အဲ့ဒါကြောင့်အစ်ကိုမပြန်တော့တာ...ညီကအိမ်ပြန်ချင်မှာပေါ့နော်"

"ကျွန်တော်လည်းမပြန်ပါဘူး။ မိဘတွေကဘုရားဖူးထွက်ကြမှာ။ အစ်ကို့မိဘတွေလိုပဲ"

ကျွန်တော်လိမ်လိုက်တာပါ။ ဒီတစ်ခါတော့သားမိုက်လုပ်ခွင့်ပေးပါအမေ။

"အဲ့ဒါဆိုသွားကြမလားညီ"

"ဟုတ်။ သွားကြမယ်လေ။ ကျွန်တော်လည်းသွားချင်တယ်"

အဲ့လိုနဲ့ကျွန်တော်တို့ဟိုတယ်တွေကြိုပြီး booking လုပ်။ ကားလက်မှတ်တွေကြို၀ယ်နဲ့ ခရီးအတွက်ပြင်ဆင်စရာရှိတာကြိုပြီးပြင်ဆင်ခဲ့ကြတယ်။

အဲ့လိုနဲ့ခရီးသွားမယ့်ညနေကိုရောက်လာခဲ့တယ်။ အလုပ်ကနေခပ်စောစောလေးအိမ်ပြန်လာ။ ရေမိုးချိုး။ အ၀တ်အစားထုပ်နဲ့နှစ်ယောက်သားအလုပ်ရှုပ်နေခဲ့ကြတာပေါ့။

"ညီ...ပြီးသွားပြီလား"

"ဟုတ် ပြီးပြီအစ်ကို"

"Grab ခေါ်ထားလိုက်ပါလား...အစ်ကို toilet ခဏ၀င်ချင်လို့"

"ဟုတ်"

အချိန်ကညနေ(၅)နာရီထိုးဖို့(၁၅)မိနစ်ဖြစ်နေပြီ။ အဝေးပြေးကားက(၆)နာရီထွက်မှာ။ ကျွန်တော် grab ကိုခေါ်လိုက်တယ်။

(၁၀)မိနစ်လောက်ကြာတော့ အခန်းဖော်အစ်ကိုကြီးပြန်ထွက်လာတယ်။

"Grab လာပြီလားညီ"

"မလာသေးဘူးအစ်ကို...ဘယ်သူမှ order ကိုမယူကြဘူး"

သူနာရီကိုတစ်ချက်ကြည့်လိုက်တယ်။

"ဒီပုံစံအတိုင်းဆိုနောက်ကျတော့မယ်...လမ်းထိပ်ကိုထွက်ငှားရအောင်"

ကျောပိုးအိတ်ခပ်ကြီးကြီးတွေတစ်ယောက်တစ်လုံး လွယ်ပြီး(၁၀)မိနစ်လောက်လမ်းလျှောက်ရတဲ့လမ်းမကြီးကိုထွက်ခဲ့ကြတယ်။ ပြီးတော့တွေ့ရာ taxi ကိုအမြန်ငှားပြီး အဝေးပြေးကွင်းကိုထွက်လာခဲ့ရတာပေါ့။ အချိန်ကအရမ်းကပ်နေပြီလေ။

ကံကောင်းလို့ အဝေးပြေးကားမထွက်ခင် (၅)မိနစ်လောက်မှာရောက်သွားတယ်။ ဘာမှတောင်၀ယ်ဖို့အချိန်မရလိုက်ဘူး။ ကားပေါ်အမြန်တက်ပြီးလိုက်လာခဲ့ရတယ်။

၀ယ်ထားတဲ့ခုံကနောက်ဆုံးအတန်းပဲ။ ကျွန်တော်တို့ကဘယ်ဘက်မှာ။ ညာဘက်နှစ်ခုံမှာကောင်လေးနှစ်ယောက်ကိုတွေ့တယ်။

ကားထွက်လာပြီး တဖြည်းဖြည်းနဲ့မှောင်လာတယ်။ ဘေးဘက်ကိုကြည့်တော့လည်း လူနေအိမ်တွေကနေ လယ်ကွင်းတွေ သစ်ပင်တွေဖြစ်လာတယ်။

ည (၈) နာရီလောက်ကျတော့ကားကမီးတွေအကုန်ပိတ်သွားတယ်။ ညအိပ်မီးလေးတွေပဲထွန်းထားတာပေါ့။ မီးရောင်ကတစ်ယောက်နဲ့တစ်ယောက် မျက်နှာတွေသေချာ မမြင်ရပေမယ့် ခန္ဓာကိုယ်ပုံရိပ်ကိုတော့မြင်ရသေးတယ်။ ကျွန်တော်လည်းတဖြည်းဖြည်းနဲ့ အိပ်ငိုက်လာပြီး အိပ်ပျော်သွားတယ်။

ဘယ်လောက်ကြာလဲတော့မသိဘူး။ အခန်းဖော်အစ်ကိုကြီးက ကျွန်တော့်ပေါင်ကိုသူ့လက်နဲ့လာညှစ်မှနိုးလာတယ်။ သူကကျွန်တော့်နားနားကိုကပ်ပြီးပြောတယ်။

"ညီ...ဟိုဘက်ခုံကအတွဲကိုကြည့်ပါဦး"

ကျွန်တော်ဘေးကိုစောင်းကြည့်လိုက်တော့ နည်းနည်းမျက်လုံးကျယ်သွားတယ်။ ပြတင်းပေါက်ဘက်မှာထိုင်တဲ့ကောင်လေးကို ဒီဘက်ကတစ်ယောက်ကစုတ်ပေးနေတာ။ အစုတ်ခံတဲ့ကောင်လေးက စုတ်ပေးနေတဲ့ကောင်လေးရဲ့ခေါင်းကိုကိုင်ပြီး feel တက်နေတာကို ညမီးရောင်အောက်မှာမြင်နေရတယ်။

အခန်းဖော်အစ်ကိုကြီးကအနားနားကပ်ပြီးထပ်ပြောပြန်တယ်။

"ညီ...အစ်ကို့ကိုလည်းစုတ်ပေးပါလား"

အခန်းဖော်အစ်ကိုကြီး (21+)Место, где живут истории. Откройте их для себя