ရေချိုးခန်း

11.9K 130 0
                                    

ကျွန်တော်တို့နေတဲ့အခန်းကကုတင်နှစ်လုံးကဘေးချင်းကပ်လျက်ထားထားတာမဟုတ်ဘူး။ ကုတင်နှစ်လုံးကိုအပေါ်အောက်ဆင့်ထားတာ။ ကျွန်တော်ကအောက်ကကုတင်မှာနေတယ်။ အခန်းဖော်အစ်ကိုကြီးကအပေါ်ကုတင်မှာ။ အခန်းရဲ့ဘေးနံရံမှာကကိုယ်လုံးပေါ်မှန်တစ်ခုကပ်ထားတော့ကျွန်တော့်အောက်ကနေအပေါ်ကအခန်းဖော်အစ်ကိုကြီးကိုလှမ်းကြည့်ရင်မြင်နေရတယ်။

ကျွန်တော်အာသာဖြေတာသူမိသွားတဲ့ညပြီးတော့နောက်နေ့တွေကစပြီးကျွန်တော်တို့ဘာမှမဖြစ်ခဲ့သလိုပုံမှန်ပြန်ဖြစ်သွားကြတယ်။ သူလည်းအဲ့ကိစ္စအကြောင်းမပြောသလို၊ကျွန်တော်လည်းမပြောဘူး။

အဲ့လိုနဲ့နောက်ရက်အနည်းငယ်ကြာတော့သီတင်းကျွတ်ရုံးပိတ်ရက်ကိုရောက်လာခဲ့တယ်။ သီတင်းကျွတ်ရုံးပိတ်ရက်ဆိုပေမယ့်စနေ၊တနင်္ဂနွေအပါမှ(၃)ရက်ပဲပိတ်တာပါ။ အဲ့ဒါကြောင့်ကျွန်တော်ကတော့နယ်မြို့ကိုမပြန်တော့ဘဲအဆောင်မှာပဲဖြတ်သန်းဖို့ဆုံးဖြတ်လိုက်တယ်။ အခန်းဖော်အစ်ကိုကြီးလည်းအဲ့ရက်တွေအဆောင်မှာပဲရှိတယ်။ ကျန်တဲ့အဆောင်သားတွေကတော့နယ်ကိုပြန်သွားကြတဲ့သူတွေရယ်၊ခရီးသွားကြသူတွေရယ်နဲ့တစ်ဆောင်လုံးနီးပါးဘယ်သူမှမရှိဘူး။

အဲ့နေ့မနက်(၉)နာရီလောက်အခန်းဖော်အစ်ကိုကြီးကရေချိုးဖို့ဆိုပြီးအခန်းထဲကထွက်သွားတယ်။ ရေချိုးခန်းတွေကအဆောင်သားအားလုံးဘုံသုံးရတာ။ နောက်ဘက်မှာရှိတယ်။ (၁၅)မိနစ်လောက်ကြာတော့သူကျွန်တော့်ကိုဖုန်းခေါ်လာတာနဲ့ကျွန်တော်ကိုင်လိုက်တယ်။

"ညီလေး"
"ဟုတ်...ကိုကြီး...ဘာဖြစ်လို့လဲ"
"အစ်ကို‌ရေသုတ်သဘက်ကျန်ခဲ့လို့...မရိုမသေရေချိုးခန်းကိုယူလာပေးလို့ရမလား"
"ရတာပေါ့...ဘယ်နားမှာလဲ"
"အစ်ကို့ luggage ပေါ်မှာ"

သူ့သဘက်ကိုယူပြီးကျွန်တော်ရေချိုးခန်းဆီရောက်သွားတယ်။

"ဒေါက်ဒေါက်ဒေါက်"

ကျွန်တော်ရေချိုးခန်းတံခါးကိုခေါက်လိုက်တယ်။

"ညီလေးလား"
"ဟုတ်တယ်ကိုကြီး...သဘက်ယူလာပြီ"

ရေချိုးခန်းတံခါးကပွင့်လာတယ်။ သူကသူ့ခန္ဓာကိုယ်ကိုတံခါးနဲ့ကွယ်မထားဘဲဒီတိုင်းကြီးမတ်တပ်ရပ်နေတယ်။ ကျွန်တော်အ၀တ်မပါတဲ့သူခန္ဓာကိုယ်တစ်ခုလုံးကိုမြင်လိုက်ရတော့ခဏကြောင်ပြီးကြည့်နေမိတယ်။ ဆူပြီးဖောင်းနေတဲ့ရင်အုံတွေ၊ six packs တွေ၊ဆီးခုံပေါ်ကအမွေးနုတိုတိုလေးတွေ၊တောင့်တင်းနေတဲ့‌ပေါင်တွေ၊သူ့ရဲ့ဖြူစွတ်‌နေတဲ့လိင်တံကအစကျွန်တော်မြင်လိုက်ရတယ်။ အဲ့တုန်းကသူ့ရဲ့လိင်တံကထောင်မတ်မနေပေမယ့်တင်းမာနေတယ်။ ပန်းနုရောင်လိင်တံထိပ်ခေါင်းလေးကိုတောင်မြင်ရတယ်။ ကျွန်တော်သတိပြန်၀င်သွားပြီးသူ့ကိုသဘက်ကိုထိုးပေးပြီးပြန်လှည့်လာခဲ့တယ်။ သူကတော့ကျေနပ်သွားတဲ့ပုံစံနဲ့ပြုံးပြီးကျန်နေခဲ့တယ်။

အခန်းဖော်အစ်ကိုကြီး (21+)Tempat cerita menjadi hidup. Temukan sekarang