သီတင်းကျွတ်နောက်ဆုံးည

8.9K 105 4
                                    

ကျွန်တော်အဲ့ညကပြီးသွားတော့ သောက်ထားတဲ့အရှိန်ရယ်၊ လိင်ဆက်ဆံတာကြောင့်ပင်ပန်းတာရယ်နဲ့ သန့်ရှင်းရေးတောင်မလုပ်နိုင်ဘဲအိပ်ပျော်သွားတယ်။ နောက်တစ်နေ့မနက် (၉) နာရီလောက်ကျတော့အခန်းဖော်အစ်ကိုကြီးကကျွန်တော့်ကိုဖြည်းဖြည်းလှုပ်ပြီးခေါ်နှိုးတယ်။

"ညီလေး....ဟေ့ကောင်...ထတော့....(၉)နာရီထိုးနေပြီ"

ကျွန်တော်မျက်လုံးဖွင့်ပြီးအသိစိတ်၀င်လာတာနဲ့ကျွန်တော့်စအိုကစပ်ဖြင်းဖြင်းနာကျင်မှုကိုပါခံစားလိုက်ရတယ်။ ပေါင်နှစ်ဘက်လုံးလည်းနာလို့နေတယ်။

"ညီလေး...အစ်ကို breakfast ၀ယ်ထားပေးတယ်။ ရေချိုးပြီးရင် breakfast စား။ ပြီးရင်စားပွဲပေါ်ကဆေးကိုသောက်လိုက်နော်"

"ဆေးကဘာဆေးလဲအစ်ကို"

"မင်းနာနေတယ်မလား"

ကျွန်တော့်ဖင်ကိုမေးငေါ့ပြပြီးသူပြောတယ်။ ကျွန်တော်လည်းခေါင်းလေးအသာညိမ့်ပြီးတော့တာဖြေလိုက်တော့တယ်။

"ကဲ...အဲ့ဒါဆိုအစ်ကိုသွားစရာရှိလို့သွားဦးမယ်"

"ဟုတ်"

အခန်းဖော်အစ်ကိုကြီးကထူးထူးဆန်းဆန်းပါလား။ ရင်းနှီးတယ်ဆိုပေမယ့် breakfast ၀ယ်ပေးတာမျိုးတော့တစ်ခါမှမရှိခဲ့ဘူး။ နှစ်ယောက်အလိုတူဖြစ်ခဲ့ကြတယ်ဆိုပေမယ့်သူကပြီးပြီးရောမျက်နှာလွှဲခဲပစ်မနေဘဲငါ့ကိုတော့ဂရုစိုက်သားပဲ။

ကျွန်တော်သူ့ရဲ့ပထမဆုံးဂရုစိုက်မှုအောက်မှာတင်ကျရှုံးချင်နေခဲ့တယ်။ ကျွန်တော့်အပေါ်များခံစားချက်ရှိလို့လားဆိုတဲ့အတွေးတွေ၀င်လာမိတယ်။ တော်စမ်း။ ဘာတွေတွေးနေတာလဲ။ ဒီတိုင်းသူလုပ်ခဲ့တာကိုတာ၀န်ယူရုံပဲ။ ဒီ့ထက်ဘာမှမပိုဘူး။

ကျွန်တော့်အတွေးတွေကိုဖြတ်လိုက်ပြီးရေချိူးတယ်။ စအိုကိုသန့်ရှင်းရေးလုပ်ရတာတော်တော်ကိုဆိုးတာပဲ။ အရမ်းနာတာ။ ရေပန်းနဲ့ခပ်ဖြည်းဖြည်းထိုးရင်ကိုစပ်ပြီးအီစိမ့်နေတာပဲ။ ရေချိုးပြီးတော့သူ၀ယ်ထားပေးတဲ့ breakfast စားတယ်။ ပြီးတော့ဆေးသောက်တယ်။ နောက်တော့ကျွန်တော်အိပ်ယာပေါ်မှာပြန်ပြီးမှေးနေမိတယ်။ နာနေတာရယ်၊ ပင်ပန်းနေသေးတာရယ်ကြောင့်လေ။

အဲ့နေ့ကသီတင်းကျွတ်ပိတ်ရက်သုံးရက်ရဲ့နောက်ဆုံးရက်လေ။ နေ့လည်တစ်နာရီလောက်ကျတော့သူပြန်ရောက်လာတယ်။

"ညီလေး...ညနေအားလား"

"ဟုတ်...အားပါတယ်"

"ဒီနေ့ကပိတ်ရက်နောက်ဆုံးနေ့ဆိုတော့လျှောက်လည်ကြမလား"

"လည်မယ်လေအစ်ကို"

အဲ့နေ့ညနေကကျွန်တော်တို့ပြည်သူ့ရင်ပြင်ထဲသွားလည်ကြတယ်။ တိုက်ကားကိုနှစ်ယောက်တစ်စီးစီးတယ်။ Roller Coaster စီးကြတယ်။ လေပေါ်မှာလည်တဲ့ဆိုင်ကယ်စီးကြတယ်။ နေ၀င်တော့ရင်ပြင်မှာမီးရှူးမီးပန်းဖောက်တာကြည့်ပြီးရေပန်းရုပ်ရှင်ခဏကြည့်ကြတယ်။ ရေပန်းရုပ်ရှင်ကြည့်နေတုန်းသူကစကားစလာတယ်။

"အဆင်ပြေရဲ့လားညီလေး...ဘယ်လိုနေသေးလဲ...နာနေလား"

သူကဘယ်နေရာဆိုတာထည့်မပြောပေမယ့်စအိုကိုပြောမှန်းကျွန်တော်သိတယ်။

"အခုတော့နည်းနည်းပဲနာတော့တယ်အစ်ကို...နေ့လည်လောက်ကအထိတော့အတော်ကိုနာတာ"

"မင်းကဒါပထမဆုံးအကြိမ်မလား"

"ဟုတ်တယ်"

"အဲ့ဒါကြောင့်ပါ...နောက်ဆိုမနာတော့ဘူး"

ကျွန်တော်တို့နှစ်ယောက်လုံးခဏတိတ်ဆိတ်သွားတယ်။ နည်းနည်းကြာတော့

"အစ်ကိုတစ်ခုလောက်ပွင့်ပွင့်လင်းလင်းမေးလို့ရလား"

"ရတာပေါ့...မေးလေအစ်ကို"

"အစ်ကိုနဲ့နေရတာကြိုက်လား"

ကျွန်တော်သူ့ကိုနားမလည်တဲ့ပုံစံနဲ့လှည့်ကြည့်လိုက်တယ်။

"အိပ်ယာထဲမှာပြောတာ...အစ်ကိုက"

သူဆက်ပြောမယ်ကြံနေတုန်းကျွန်တော်စကားကိုဖြတ်ပြောလိုက်တယ်။

"အစ်ကိုနဲ့အိပ်ရတာကြိုက်ပါတယ်...ကျွန်တော်သဘောကျတယ်"

သူကပြုံးပြီး

"အစ်ကိုရောပဲ...ညီလေးကအရမ်းကောင်းတယ်"

တစ်ဆက်တည်းသူကဆက်ပြောတယ်။

"အစ်ကိုတို့နောက်လည်းဒီလိုပဲနေကြရအောင်နော်"

ကျွန်တော်သူ့ကိုပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်။

အခန်းဖော်အစ်ကိုကြီး (21+)Où les histoires vivent. Découvrez maintenant