part1

945 32 13
                                    

"ဒုန်းးးးးခွမ်းးး"

တိတ်ဆိတ်နေသည့်ညအမှောင်ယံကိုဆူညံခြင်းနဲ့အတူစတင်မိတ်ဆက်လိုက်၏။
ထိုအသံကတော့အခြားဆီကမဟုတ်...........။
နတ်မောက်မြို့ပြင်မှာရှိနေတဲ့လယ်တဲလေးဆီက...။
ထိုတဲလေးမှာမိုးကာပိုင်းလေးတွေစုပြီးမိုးထားတဲ့အမိုးရှိသည်။
ဝါးထရံကျိုးတို့ကျဲတဲ​လေးအပြင် ဗီနိူင်းစအပိုင်းလေးတွေကာထားသည့် မလုံ့တလုံဘေးအကာလေးတွေလည်းရှိ၏။
မြိုပြင်ဆိုပေတည့်နတ်မောက်မြို့ကြီး
နှင့် အိုးဘို၊လက္ပံတုန်း၊ ဘုန်းတော်ပြည့် ဆိုသည့် သုံးရွာတစ်တန်း အစုကြား
အနည်းငယ်ကွာဝေးသောတဲစုလေးဖြစ်သည်။
ခေတ်ကာလသိပ်မကောင်း၍ ဒေသန္တရခရီးသွားကလွဲဖြတ်သွားဖြတ်လာသိပ်မရှိကြ..။
အိမ်နီးချင်းတဲလေးတွေဗျောက်တောက်ရှိနေပြီးတဲတစ်တဲနှင့်တစ်တဲအနည်းငယ်ကွာဝေးကြသည်။

"ဟာ...ကဲကွာ.."

"ဒုန်းးးး"

"ခလွမ်..ဂလွမ်.."

အားနဲ့စားပွဲခုံကိုမှောက်ချလိုက်တာကြောင့် ယိုင်နဲ့နဲ့စားပွဲခုံလေးနှင့်အတူထမင်းပန်းကန်တွေပါလွင့်စင်သွားပြီး ထမင်းတွေပါဖျာစုတ်လေးပေါ်မှာ ပြားယှက်သွား၏။
စားပွဲခုံအနီးအနားမှာထမင်းစားဖို့စောင့်နေသည့်ကလေးနှစ်ယောက် ​ဆက်ဖြစ်လာမည့်အခြေအနေကိုသိနေသည့်အလား စားပွဲနားကနေထပြေးကာမိခင်ရင်ခွင်ထဲတိုး၍အကာအကွယ်ယူလိုက်ကြသည်။

"ကိုသိန်းမောင်..တော်လွန်နေပြီနော်..မူးနေရင်အေးဆေးအိပ်ပါ့လား...တော့်ကိုဘယ်သူကနှောက်ယှက်ပေးနေလို့လဲ...ကျုပ်တို့
သားအမိတွေအေးဆေးနေပါရစေ.တော်"

ဒေါ်တင်နွယ် ယောက်ျားဖြစ်သူ ဦးသိန်းမောင်ကိုစိတ်ပျက်သလိုကြည့်၍ပြောလိုက်သည်။

"အမြဲတမ်း ထမင်းကိုစိတ်အေးလက်အေးမစားခဲ့ရဖူးဘူး..တော်အဲ့လိုသွန်ပစ်လိုက်တော့..ကျုပ်သားတွေမစားရတော့ဘူးသိလား...အဲ့ထမင်းကလေညနေက သားကြီး ရွာထဲကဦးလေးဖိုးစည်တို့အိမ်မှာရေထမ်းလို့ရတဲ့ပိုက်ဆံနဲ့ချက်ထားတာတော်..ကျုပ်သားလေးပုခုံးကရေထမ်းလို့ရလာတဲ့အနာတောင်မပျောက်သေးပါဘူးတော်...မျိုချဖို့တောင်အဖိုးတန်လွန်းတဲ့ထမင်းကိုတော်မို့ သွန်ပစ်ရက်တယ်...ကျုပ်တို့ဘဝကလေ နေမြင်လို့တောင်မလင်းနိူင်တဲ့ဘဝပါတော်..သူများသားသမီးတွေအလှူကြီးပေးပြီးရှင်ပြုပေးနေချိန်မှာတောင်ကျုပ်သားလေးကိုအင်္ကျီသန့်သန့်လေးတစ်ထည်တောင် ကျုပ်ဝယ်မပေးနိူင်ဘူး...သူများကလေးတွေကျောင်းတက်နေချိန်မှာတောင်ကျုပ်သားလေး ပဲကောက် နှမ်းထောင်စောင့်ဘဝမှာပဲအချိန်ကုန်နေခဲ့ရတယ်..တော့်လုပ်စာတစ်ပြားမှမပါဘဲကျုပ်တို့ဘဝကိုရပ်တည်နေတာကြာပါပြီတော်..
တော်သေမှပဲကျုပ်တို့ဘဝအေးချမ်းမှာ..သေမှာဆိုလည်းသေလိုက်ပါတော့.."

ကျွန်တော်ကဗီလိန်💞(My Darling Is Villain)Where stories live. Discover now