part5🌼

226 17 8
                                    

‌"အဟွတ် အဟွတ် အဟွတ် အဟွတ်"

ရင်ထဲကနေစို့နစ်လာပြီး ရပ်မရအောင် ဆိုးနေသည့် ချောင်းကြောင့် ဦးသီဟ  ရေသောက်ရန် အိပ်ယာကနေထလိုက်သည်။
ပြတင်းပေါက်နားမှာ ရှိနေသည့်ရေခွက်ကိုလှမ်းယူလိုက်ပြီး သောက်လိုက်သည်။
ရေသောက်လိုက်တာတောင် အဆင်မပြေသေးဘဲ ပိုမောလာတာမို့ ပြန်မအိပ်တော့ဘဲ ထိုင်ခုံပေါ်မှာ ထိုင်လိုက်သည်။

လေနုအေးအေးကြောင့်ပြတင်းပေါက်က လိုက်ကာအဖြူရောင်လေးက သူ့ဘက်သို့ လွှင့်ကာ မထိတထိကျီစားနေလေသည်။
ဦးသီဟ သူ့ရဲ့ ဖြူလျော့လျော့
မျက်နှာပေါ်က လိုက်ကာလေးကို သွယ်လျသော လက်လေးတွေဖြင့် ညင်သာစွာဖယ်ရှားလိုက်သည်။လိုက်ကာလေး ဘေးရောက်သွားသည်နှင့်အပြင်ဘက်က လရောင်နဲ့အတူ ကြယ်လေးတွေကိုပါမြင်တွေ့လိုက်ရသည်။

"ကျွန်တော် ဝင်လာလို့ရမလား"

ဦးသီဟ အခန်းအဝဘက်ကိုလှမ်းကြည့်လိုက်ပြီး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
ခွင့်ပြုချက်ရတော့ စောနီ ကအခန်းထဲကို ဝင်လာပြီး ဦးသီဟ ဘေးကကြမ်းပြင်မှာ ထိုင်ရန်ပြင်လိုက်သည်။

"အဲ့မှာမထိုင်နဲ့ အေးတယ် ဦးဘေးမှာလာထိုင်"

ဦးသီဟ ‌လွတ်နေသော ထိုင်ခုံကို ညွှန်ပြရင်းပြောလိုက်သည်။
စောနီ ထိုထိုင်ခုံပေါ်ဝင်ထိုင်လိုက်သည်။

ဦးသီဟ ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး

"ဒီနေ့ ကောင်းကင်ကြီးကအရမ်းလှတယ်နော် စောနီ"

"................"

ဦးသီဟ စကားကို စောနီ ဘာမှပြန်မပြောပါ။
သို့ပေမယ့် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ဦးသီဟ စကားကိုအသိအမှတ်ပြု သည့် မျက်လုံးနှင့်ပြန်ကြည့်လာသည်။
ခံစားချက်ဆိုတာ ဘာမှမသိတဲ့ကလေးတစ်ယောက်အဖို့ သူ့စကားဟာ ဖြေရှင်းမရသည့်ပုစ္ဆာလိုဖြစ်နေမှန်း ဦးသီဟ ခံစားမိသည်။

သို့ပေမယ့် ဦးသီဟ ပုံမှန်
ပြုံးလိုက်ပြီး ဆက်ပြောလာသည်။

"စောနီ ဒီလိုအချိန်အခိုက်အတန့်က ဘယ်လောက်ကြာမယ်ထင်လဲ "

စောနီ ခံစားချက်မဲ့သည့် အကြည့်နဲ့ ဦးသီဟ ကိုပြန်ကြည့်ရင်း ခေါင်းရမ်းပြသည်။

ကျွန်တော်ကဗီလိန်💞(My Darling Is Villain)Where stories live. Discover now