part6🌼

179 14 4
                                    

"ဒေါက် ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ "

အပြင်က တံခါး ခေါက်သံကို စာရင်းတွေစစ်နေသော ဦးအဂ္ဂမာန် အသံပြုလိုက်သည်။
ခွင့်ပြုချက်ရသည်နှင့် အခန်းအပြင်မှာအသင့်စောင့်နေသော အတွင်းရေးမူး ဦးနောင်မင်း ဖိုင်တစ်ခုကိုကိုင်ဆောင်လျက် အခန်းတွင်းသို့ဝင်လာသည် ။

"အခြေအနေဘယ်လိုရှိလဲ "

ဦးအဂ္ဂမာန် က ဦးစွာမေးလိုက်သည်။
ဦးနောင်မင်းက လက်ထဲမှာအသင့်ပါလာသော ဖိုင်ကို ဦးအဂ္ဂမာန် ‌ရှေ့ထိုးပေးလိုက်သည်။
ဦးအဂ္ဂမာန် ဖိုင်ကိုဖွင့်ကြည့်ပြီးနောက် မျက်ခုံးပင့်သွားသည်။
သီဟကသူ မွေးစားထားတဲ့ ကောင်လေးကို အမွေလွှဲပေးဖို့စာချုပ် မိတ္တူ။

ဦးအဂ္ဂမာန် ‌နူတ်ခမ်းမှာ မပွင့်တပွင့်လှောင်ပြုံးပြုံးလိုက်သည့်။ထို့ပြင်
နူတ်မှလည်း စကားတစ်ချို့ထွက်လာသည်။

"သီဟ သီဟ ပြဿနာတွေဖန်တီးပြီးမှ အခုခေါင်းရှောင်ချင်လို့ရမလား မင်းရူပ်ခဲ့တဲ့ဇာတ် မင်းပြီးအောင်ရှင်းရမှာပေါ့"

ဦးအဂ္ဂမာန် ဖိုင်ကို စိတ်မဝင်စားတော့ဟန်ဖြင့် စားပွဲပေါ်ပြန်ပစ်ချလိုက်သည်။ပြီးတော့ ဦးနောင်မင်း ဘက်ကိုကြည့်ပြီးနောက် မေးလိုက်သည်။

"တိမ်လွှာမာန် သတင်းဘာကြားလဲ "

"အခုလက်ရှိသီဟမာန် နဲ့နေနေပါတယ် ထပ်ပြီးအကြောင်းစုံသိရဖို့အတွက် လူလွှတ်ထားပါတယ် ဆရာ"

ဦးအဂ္ဂမာန် အံကိုတင်းနေအောင်ကြိတ်လိုက်သည်။

"တောက် .."

ဒေါသကြောင့်ထွက်ပေါ်လာသည့် တောက်ခေါက်သံက ရုံးခန်းအတွင်းပဲ့တင်ထပ်သွားသည်။

"ငါဒီလောက် အတန်တန်ပြောထားရဲ့ကြားက ထပ်ပြီးမိုက်ရူးရဲလုပ်ရပ်တွေလုပ်ပြန်ပြီ"

အဆင့်အတန်းရှိသူတို့မျိုးရိုးထဲမှာ ဆွမ်းဆန်ထဲကြွက်ချေး‌ရောသလို အသုံးမကျတဲ့ကောင်တစ်ကောင်ပါလာသည်။
ထို့အတွက်ကြောင့်အကြိမ်ကြိမ်အရှက်ရ ခဲ့ရသည်။
တိမ်လွှာက အရင်ကအဲ့ဒီ့လိုလူမဟုတ်။
မိန်းကလေးကိုသာကြိုက်ပြီး၊ မိန်းကလေးပေါင်းများစွာက လိုချင်ရလောက်အောင် ယောက်ျားပီသတဲ့လူတစ်ယောက်။
သူ့ညီတိမ်လွှာ အခုလိုပြောင်းလဲသွားတာတွေအားလုံးရဲ့အဓိက တရားခံကအခြားသူတော့မဟုတ် သီဟမာန်ပင်ဖြစ်သည်။
လောကကြီးမှာသီဟမာန် ပျောက်ကွယ်သွားဖို့ကို ဦးအဂ္ဂမာန် ခဏအတွင်းလေးမှာလုပ်နိူင်ပေမယ့် မွေးစားညီဆိုတဲ့သံယောဇဉ်ကိုထောက်ပြီး ငဲ့ညှာခဲ့သည်။
ယခင် သီဟ သူ့ကို တိမ်လွှာနဲ့ ဝေးဝေးမှာနေပါမယ်လို့ကတိပေးပြီး အခုလိုချိုးဖောက်လိုက်သည့်အတွက် ဦးအဂ္ဂမာန် အနေနဲ့ငဲ့ညှာစရာမလိုတော့ဟု တွေးလိုက်သည်။

ကျွန်တော်ကဗီလိန်💞(My Darling Is Villain)Where stories live. Discover now