part3

234 21 2
                                    

My darling is villain (part3)

"ငါမင်းနား..လာအိပ်လို့ရမလား..စောနီ"

ဖြည်းညှင်းတိုးနှိမ်သောအသံဖြင့်ပြောလာသောဂျိုးဖြူကြောင့် စောနီမျက်မှောင်ကျုတ်ပြီးခေါင်းငြိမ့်ပြလိုက်သည်။

"ဟီးး..ကျေးဇူးပဲ"

အနားကိုဝင်လှဲယုံသာမက စောနီကိုပါဖက်လိုက်သည်။စောနီ သူ့ကိုဇွတ်လာဖက်သည့်အတွက်ရုန်းရန်ပြင်လိုက်သည်။
သို့သော်သူ့အကြံကိုသိနေသည့်အလားတမင်စ၍ အပေါ်မှဖိကာဖက်ထားလေသည်။
စောနီမရုန်းတော့ဘဲစိတ်ပျက်ကာလက်လျော့လိုက်သည်။
တစ်နေကုန်အနားကမခွာတကပ်ကပ်လိုက်ပြီးစိတ်ဒုက္ခပေးရတာမကျေနပ်သေး၍ထင် ညတောင်အနားကိုထပ်လာ၍စိတ်ဒုက္ခပေးပြန်သည်။

"ခေါ..ခလူး...ခလူး..အင်း..ဟင်းဟင်း.."

တစ်ညလုံး သူ့အနားနေ၍ဟောက်နေတာကြောင့်စောနီဘယ်လိုမှအိပ်မရ...။စိတ်အနည်းငယ်တိုသော်လည်း စိတ်ကိုပြန်ထိန်းကာသူ့ကိုဖက်ထားသည့်လက်တို့ကိုအသာတွန်းဖယ်လိုက်သည်။
ပြီးတော့ အဆောင်အပြင်ဘက်ကအုန်းပင်ခြေရင်းမှာထိုင်လိုက်သည်။
ရွာကိုသတိရလိုက်တာ..။
အမကိုလည်းသတိရတယ်..။ညီလေးထွေးနီလေးကိုရော..။ဒီအချိန်ဆိုလသာသာမှာအမကထမင်းချက်နေပြီ..။
ထမင်းကျက်မှာကိုညီအစ်ကိုနှစ်ယောက်စောင့်ရင်း.ကစားနေကျ..။ဗိုက်ဆာလည်း..ကစားနေရတော့ပျော်တဲ့အချိန်ပဲသတိရနေမိသည်။

အမကိုလွမ်းတယ်..။အမရဲ့အပြုံးရော..မျက်ရည်တွေကိုရော..။
ရွာအကြောင်းပြန်တွေးရင်း စောနီပါးပြင်ပူနွေးနွေးမျဥ်းနှစ်ကြောင်းဖြတ်ပြေးသွား၏။ကျလာသည့်မျက်ရည်ကိုအသာလက်နဲ့သုတ်ရင်း ကောင်းကင်းကိုမော့ကြည့်လိုက်သည်။လမင်းကြီးကတော့အပြည့်မသာသေးသေးပေမယ့် ကြယ်တွေကစုံလင်၍လှပနေသည်။.

"အမသိလား..ကျုပ်ရောက်နေတဲ့နေရာကကြယ်တွေကအရမ်းလှတာပဲ..ကျုပ်အေးအေးချမ်းချမ်းနေနေရတယ်အမ..ကျုပ်အခုအရမ်းအဆင်ပြေနေတယ်.. ကျုပ်ကိုဘာမှစိတ်မပူတော့နဲ့"

"ချွတ်..ချွတ်.."

နောက်ကျောဘက်ကအသံကြားလိုက်ရတာကြောင့် မျက်ရည်ကိုအလျင်အမြန်သုတ်လိုက်သည်။

ကျွန်တော်ကဗီလိန်💞(My Darling Is Villain)Where stories live. Discover now