part2

272 22 6
                                    

My darling is villain(part2)

*ဦးစွာကြိုပြီးစာဖတ်သူတို့ကိုအသိပေးချင်တာလေးရှိပါသည်..။
ယခုpartမှာပါသည့်မိဘမဲ့ဂေဟာအကြောင်းရေးသားထားတာသည်အပြင်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းအလျင်းမရှိပါ..။
စာရေးသူ၏စိတ်ကူးပုံရိပ်သာဖြစ်ပြီး..ထိုပုံရိပ်သည်အပြင်လောကနှင့်လုံးဝမသက်ဆိုင်ပါ..။
စာရေးသူရေးသားသော အကြောင်းအရာများသည်အပြင်လောက ကိုတစ်စုံတစ်ရာထိခိုက်ပါလျင်မူ ကြိုတင်တောင်းပန်အပ်ပါသည်။*

....................

"စောနီဆိုတာဘယ်သူလည်းမသိဘူး.."

"ဒီကလေးပါပဲ ဆရာ.."

စောနီ..ကိုလက်ညိုးထိုးပြ၍လာခေါ်တဲ့လူကိုပြောလိုက်သည်။သူကြီးက လက်ကိုဆွဲခေါ်သွားတာကြောင့်စောနီလိုက်သွားလိုက်၏။
စောနီကိုခေါ်သွားသည့်နေရာကစောနီတို့လိုရွာလိုမျိုး ရွာမျိုးပဲဖြစ်ပြီး..ဘယ်နေရာလည်းဆိုတာစောနီမသိပါ..။
လှေလည်းစီးရသလို မြို့အခေါ် ကားဆိုတာတွေလည်းစီးရသေး၏။
ရွာကလူသိပ်မရှိဘူး..။စောနီတို့ ရွာထက်ပိုဆင်းရဲပုံလည်းရတယ်..။
ရန်ကုန်ဆိုတာဒီလိုမျိုးလား..။
ရွာထဲကလူတွေပြောတာတော့..ကားအကောင်းစားကြီးတွေနဲ့..အေးစိမ့်နေတဲ့အခန်းတွေ..စားစရာတွေပေါပြီး ..အရမ်းလှတဲ့လူတွေနေတယ်လို့ပြောသာပဲ..။
ဒါပေမယ့်ရောက်နေတဲ့နေရာကတခြားဆီမို့.သူရောက်နေသည့်နေရာကရန်ကုန်မဟုတ်မှန်းစောနီသိလိုက်သည်။
အခန်းတစ်ခုဆီခေါ်သွားဖြစ်ပြီး..ထိုနေရာကလည်း စောနီတို့နေတဲ့ တဲလေးထက်အနည်းငယ်သာသာသည့်နေရာမျိုးဖြစ်သည်။
စောနီ..အဝတ်ထုပ်လေးကိုပိုက်ရင်း..ဘေးဘီကိုငေးကြည့်မိတော့ သူ့အရွယ်ကလေးများအပြင်..ညီလေးထွေးနီအရွယ်ကလေးလေးတွေတွေ့ရသည်။ညီထွေးလေးနှင့်မတူသည်က ကစားခြင်းမရှိဘဲအခန်းလေးတွေထဲမှာလှဲနေတာကိုတွေ့ရသည်။
ထိုအခန်းလေးတွေကလည်း..စောနီအရင်နေခဲ့ရသည့်တဲနှင့်မခြား..။

စောနီ..မနေချင်ပါ..။
ထိုနေရာကမှောင်မိုက်ပြီးကြောက်စရာကောင်းနေသည့်နေရာမျိုးလို့ခံစားနေရသည်။

"မင်းကိုအခုပို့မယ့်နေရာမှာ လိမ်လိမ်မာမာနေရမယ်နော်..မင်းသာလိမ်လိမ်မာမာနေရင်မင်းကောင်းစားမှာသေချာတယ်"

ကျွန်တော်ကဗီလိန်💞(My Darling Is Villain)Where stories live. Discover now